SJ WorldNews - шаблон joomla Авто

ယခုနှစ် ငါးမဖမ်းရရာသီတွင် မြန်မာ့ပင်လယ်ပြင်ရှိ ငါးဖမ်းကွက် အားလုံးကို ရာနှုန်းပြည့်ပိတ်မည်

Thursday, 13 February 2020 09:50 font size decrease font size decrease font size increase font size increase font size

ယခုနှစ် ငါးမဖမ်းရရာသီဖြစ်သော ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လတို့တွင် မြန်မာ့ပင်လယ်ပြင်ရှိ ငါးဖမ်းကွက် အားလုံးကို ရာနှုန်းပြည့် ပိတ်မည်ဟု  သတ်မှတ်လိုက်ကြောင်း  ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ငါးမဖမ်းရ ရာသီအဖြစ် ၂၀၁၃ ခုနှစ်က စတင်သတ်မှတ်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် တွင်   ကမ်းဝေးငါးဖမ်းရေယာဉ်များကို ရာနှုန်းပြည့် စတင်ပိတ်ပင်တားမြစ်ခဲ့ရာ  ရာသီပြန်ဖွင့်ချိန် ငါးပိုရသည့်အတွက် ယခု နှစ်တွင်လည်း  ရာနှုန်းပြည့်ပိတ်ရန် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း   ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး ကပြောသည်။

လက်ရှိတွင် ငါးလုပ်ငန်းဆိုင်ရာ စီမံခန့် ခွဲမှုများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနသည်   ငါးမျိုးစိတ် တစ်ခုချင်းစီ၏ ဖမ်းဆီးရရှိမှုနှင့်  ဇီဝဗေဒဆိုင်ရာ  အချက်အလက်များ၊ ငါးများ၏ အလျား၊ အလေးချိန်နှင့် ငါးမျိုးစိတ်တစ်ခု ချင်းစီ  (တခြားဇီဝဗေဒဆိုင်ရာ  အချက် အလက်များ)ကို    မြန်မာနိုင်ငံ တစ်ဝန်းရှိ ငါးတင်၊ ငါးချဆိပ်ကမ်းများ၌ လစဉ်စာရင်းကောက်ယူလျက်ရှိသည်။

ထို့ပြင် MYNOR Fishစီမံကိန်း၏ ပံ့ပိုးမှုဖြင့် ရေငန်ပင်လယ်ငါး လုပ်ငန်း ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန် ရေငန်ငါး တည်ရှိမှုကို စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်များ၊ရေငန်ငါးတည်ရှိမှု ပမာဏနှင့်  သက်ဆိုင်သော အချက်အလက်များကို ဆက်လက် ကောက်ယူလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌  ပြီးခဲ့သည့် ခုနစ်နှစ်တာ ကာလအတွင်း အိမ်နီးချင်းနိုင်ငံများ၏ ဈေးကွက်နှင့် နှိုင်းယှဉ်ပါက ငါးအရည်အသွေးနှင့် ငါးသယံဇာတများ သိသာစွာ လျော့ပါးခဲ့သည့်အတွက်  ကမ်းနီးကမ်းဝေးငါးဖမ်း လုပ်ငန်းများ စနစ်တကျ ငါးဖမ်းရေးဥပဒေ၊ နည်းဥပဒေများ  ချမှတ်ဆောင်ရွက်ရန် ငါးမဖမ်း ရရာသီကို သုံးလသတ်မှတ်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။

Read 20 times Last modified on Thursday, 13 February 2020 09:52