SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်းဒေသကြီး အတွင်း စားသုံးသူဘက်မှ ၀န်ဆောင်မှု လုပ်ငန်းများကို တိုင်ကြားသည့်အမှုပေါင်း ၃၀ ခန့်ရှိ

Thursday, 13 February 2020 10:36 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးသူများဘက်မှ  ၀န်ဆောင်မှုလုပ်ငန်းများကို တိုင်ကြားသည့်  အမှုပေါင်း  ၃၀  ခန့်ရှိ ကြောင်း  မြန်မာနိုင်ငံ စားသုံးသူရေးရာ ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ သိရသည်။

ထိုသို့တိုင်ကြားမှုများတွင်   အစားအသောက်လုပ်ငန်း၊  ကုန်စည်လုပ်ငန်းနှင့် ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတို့ အများဆုံး ဖြစ်သည်။ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွင် ATM ကတ်အသုံးပြု၍ ငွေထုတ်ရာ၌ အဆင်မပြေမှုများ၊ အဓိကအားဖြင့် ပြည်ပ နိုင်ငံများမှ  ငွေလွှဲရာတွင်  အဆင်မပြေမှုများကို တိုင်ကြားခြင်းဖြစ်ကြောင်း၊  တခြား သော ၀န်ဆောင်မှုအနေဖြင့်  အွန်လိုင်းမှ ပစ္စည်းဝယ်ယူရာတွင် အဆင်မပြေမှုများ စသည်တို့ ပါဝင်ကြောင်း၊ သက်ဆိုင်ရာ ဦးစီးမှူးရုံးမှတစ်ဆင့် တိုင်ကြားခံရသော လုပ်ငန်းရှင်နှင့် တိုင်ကြားသည့် စားသုံးသူကို နှစ်ဦး နှစ်ဖက် အဆင်ပြေစေရန်   ခေါ်ယူညှိနှိုင်း ဖြေရှင်းပေးပြီး ပြေလည်မှုရှိပါက အမှုပိတ်ပေးကြောင်း၊ ပြေလည်မှုမရှိပါက စားသုံးသူရေးရာ ကော်မတီ၏ အဆုံးအဖြတ်ကိုယူ၍  ဆက်လက် ဆောင်ရွက်ကြောင်း သိရသည်။

““မပြေလည်လို့   အဆုံးအဖြတ်ယူတဲ့အခါ မကျေနပ်ဘူးဆိုရင် ကော်မရှင်ကို အယူခံ ထပ်ဝင်နိုင်ပါတယ်။ အယူခံဝင်တဲ့ ကာလကို ရက်ပေါင်း ၃၀ သတ်မှတ်ထားပါတယ်။ နောက်ပိုင်းနှစ်တွေမှာ တိုင်ကြားတဲ့အမှုတွေ တိုးလာတယ်။ အဓိကကတော့ ၀န်ဆောင်မှု လုပ်ငန်းတွေကို တိုင်ကြားတာ များပါတယ်။ အွန်လိုင်းခေတ်ဖြစ်လာတော့ အွန်လိုင်းကနေ  ရောင်းမှားဝယ်မှားတွေ မဖြစ်အောင် သတိပြုကြဖို့လိုပါတယ်”” ဟု အဆိုပါ ဦးစီးမှူးရုံးမှ  ဒုတိ ယညွှန်ကြားရေးမှူး ဦးမင်းသိန်း ကပြောသည်။

စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ဥပဒေအရ နှစ်ဖက်ပြေလည်သည်အထိ ညှိနှိုင်း ဖြေရှင်းပေးသော်လည်း တိုင်ကြားမှုများအပေါ် ဖြေရှင်းပေးစဉ်အတွင်း ဖြစ်စဉ်နှင့် ပတ်သက်၍  တိုင်ကြားသူက  ဆိုရှယ်မီဒီယာများပေါ် တင်ခဲ့ပါက ယင်းတိုင်ကြားမှုဖြစ်စဉ်ကို  ဖြေရှင်းပေးနေမှုအား  ဆက်လက်ဖြေရှင်းပေးမည် မဟုတ်ကြောင်း သိရသည်။                

Read 28 times Last modified on Thursday, 13 February 2020 10:36