SJ WorldNews - шаблон joomla Авто

ပြည်ပဈေးကွက်များ သိရှိနိုင်စေရန် နိုင်ငံငါးနိုင်ငံ၌ စီးပွားရေး သံမှူးသစ်များ ထပ်မံခန့်အပ်

Thursday, 13 February 2020 10:48 font size decrease font size decrease font size increase font size increase font size

မြန်မာ့ကုန်သွယ်ဖက် နိုင်ငံများအလိုက် ဈေးကွက်ဈေးနှုန်းများ သိရှိစေရန်  နိုင်ငံပေါင်း ငါးနိုင်ငံ၌ စီးပွားရေး သံမှူးသစ်များ ထပ်မံခန့်အပ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ဂျာမနီ၊ သြစတြေးလျ၊ ဘရာဇီး၊ တောင် အာဖရိက၊ တရုတ် (ကူမင်း) တို့၌ စီးပွားရေး သံမှူးများ ထပ်မံတိုးချဲ့ ခန့်အပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံ ကိုယ်စားပြု စီးပွားရေး သံမှူး စေလွှတ်ထားသည့် နိုင်ငံပေါင်း ၁၃ နိုင်ငံ၌ စီးပွားရေးသံမှူး ၁၅ ဦးခန့် ရှိလာကြောင်း သိရသည်။

““နန်နင်း၊ ပေကျင်းနဲ့ ဟောင်ကောင်မှာတင် စီးပွားရေး သံမှူးသစ်  သုံးနေရာ ခန့်အပ်ထားတယ်။ နန်နင်းမှာ အရင်က  ကုန်သွယ်ရေးအရာရှိအဆင့်  သတ်မှတ်တာကနေ အခု စီးပွားရေး သံမှူးအဖြစ် ထားရှိလာပါတယ်”” ဟု အဆိုပါ ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသူကပြောသည်။

ယခင်နှစ်များက  စီးပွားရေးသံမှူးများ စေလွှတ်ခြင်းကို  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ထားရှိစေလွှတ်ရာမှ ၂၀၁၉ ခုနှစ်မှစ၍  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန မြန်မာကုန်သွယ်မှု အဖွဲ့သို့ ပြောင်းရွှေ့ခဲ့သည်။

လက်ရှိ မြန်မာစီးပွားရေး သံမှူး စေလွှတ်ထားသည့် နိုင်ငံများမှာ တရုတ် ( ပေကျင်း၊ နန်နင်း၊ ဟောင်ကောင်)၊ ဘယ်လ်ဂျီယံ၊ တောင်ကိုရီးယား၊ ဂျပန်၊ အိန်္ဒိယ၊ အမေရိကန်၊ ဆွစ်ဇာလန်၊ ထိုင်းနှင့်  စင်ကာပူ စသည့်နိုင်ငံ တို့ဖြစ်ကြောင်း  သိရသည်။             

Read 35 times Last modified on Thursday, 13 February 2020 10:49