SJ WorldNews - шаблон joomla Авто

မြန်မာအင်တာနေရှင်နယ် ပရိဘောဂပြပွဲ ၂၀၂၀ ရန်ကုန်မြို့၌ ပြသ

Friday, 14 February 2020 10:55 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ  ကြိမ်ဝါးလုပ်ငန်းရှင်များ အသင်းနှင့် သစ်အခြေခံ ပရိဘောဂလုပ်ငန်း ရှင်များ အသင်းတို့ ပူးပေါင်း၍ မြန်မာအင်တာ နေရှင်နယ် ပရိဘောဂပြပွဲ ၂၀၂၀ (Myan-mar International Furniture Expo 2020) ကို ဖေဖော်ဝါရီ  ၁၃  ရက်တွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ ကျင်းပသည်။

ယင်းပြပွဲကို ဂေဟစနစ် ထိန်းသိမ်းရေး နှင့်   ပြည်သူအစုအဖွဲ့ ဖွံ့ဖြိုးရေး အသင်း ဥက္ကဋ္ဌ ဒေါက်တာကျော်တင့်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာ့သစ်လုပ်ငန်း  အထွေထွေမန်နေဂျာ ဦးဝင်းနိုင်နှင့် Myanmar   Furniture Industries  Association ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားမှုများကို လိုက်လံကြည့်ရှုသည်။

ပြပွဲတွင် ပြည်တွင်း ပြည်ပရှိ  ကုမ္ပဏီ ၅၇ ခုမှ ပြခန်း ၁၈၂ ခန်းပါဝင်ပြီး အမျိုး အစားစုံလင်သော ပရိဘောဂပစ္စည်းများကို တစ်နေရာတည်း၌  ကြည့်ရှုဝယ်ယူနိုင်ရန်  ခင်းကျင်းပြသထားကာ   အထူးလျှော့ဈေးဖြင့် ရောင်းချခြင်း အစီအစဉ်များ၊ Lucky Draw အစီအစဉ်များလည်း   ပါဝင်သည်။             

ပြပွဲသို့ လာရောက်ကြည့်ရှုသူများ အနေဖြင့် စီးပွားရေး လုပ်ငန်းများအတွက် လိုအပ် သည့် ပရိဘောဂများကို ပြည်တွင်း၌ ထုတ်လုပ်နေသော လုပ်ငန်းများမှ    တိုက်ရိုက်ဝယ်ယူ အားပေးနိုင်ခြင်း၊ ပရိဘောဂဒီဇိုင်း အသစ်အဆန်း များကို   လေ့လာနိုင်ခြင်း၊ စီးပွားရေး လုပ်ငန်းများအတွက်သာမက  မိမိနေအိမ်အတွက် လိုအပ်သော ပရိဘောဂများစွာ ရွေးချယ် ၀ယ်ယူနိုင်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။

မြန်မာ့ပရိဘောဂ ထုတ်လုပ်ခြင်း ကဏ္ဍမြှင့်တင်နိုင်ရန်၊   သယံဇာတကုန်ကြမ်း အားပြုသော စီးပွားရေးမှ    တန်ဖိုးမြှင့် ကုန်ချောပစ္စည်း ထုတ်လုပ်ခြင်းသို့ ကူးပြောင်းရန်၊    အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ဖော်ထုတ်ရန်၊     ပြည်ပသွင်းကုန် အားပြုသော အနေအထားမှ    ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်စေရန်၊ ကုန်ကြမ်း တန်ဖိုးထက် ဒီဇိုင်းတန်ဖိုး ပိုမိုသည့် Value-Added ပရိဘောဂ ထုတ်လုပ်သူများ ပိုမို ပေါ်ထွန်းစေရန်၊    ပြည်တွင်းဈေးကွက် အားပြုနေသည့် ပရိဘောဂ ဈေးကွက်ထက် နိုင်ငံတကာအဆင့်မီ ပရိဘောဂပြပွဲ အဆင့် ပေါ်ထွန်းရန်၊ နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး  နည်းပညာနှင့် လုပ်ထုံးလုပ်နည်းစနစ်များ တိုးတက်စေရန် ရည်ရွယ်ကာ မြန်မာ အင်တာနေရှင်နယ် ပရိဘောဂပြပွဲ  ၂၀၂၀ ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအင်တာနေရှင်နယ် ပရိဘောဂ ပြပွဲကို   မြန်မာနိုင်ငံ  ကြိမ်ဝါးလုပ်ငန်းရှင်များ အသင်းနှင့် သစ်အခြေခံပရိဘောဂ လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းကာ ၂၀၁၄ ခုနှစ်မှ   စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ လက်ရှိပြပွဲကို  ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၆ ရက်အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ဖွင့်လှစ်ပြသ ရောင်းချမည်ဖြစ်ပြီး မည်သူမဆို ၀င်ရောက် လေ့လာ ၀ယ်ယူနိုင်ကြောင်း သိရသည်။

Read 58 times Last modified on Friday, 14 February 2020 10:56