SJ WorldNews - шаблон joomla Авто

နေပြည်တော်၌ ပထမဆုံးအကြိမ် ပန်းပွဲတော်ကျင်းပ

Saturday, 15 February 2020 14:00 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    ရေပန်းဥယျာဉ်၌ ပထမဆုံးအကြိမ်အဖြစ်   ငွေကျပ်သိန်း ၅ဝဝဝ ခန့်အကုန်အကျခံ  အသုံးပြု၍ ပန်းပင်ပေါင်း  နှစ်သိန်းခွဲခန့်ပါဝင်သည့် ပန်းပွဲတော်ကို ဖေဖော်ဝါရီ  ၁၄ ရက်မှစ၍ မတ် ၁၅ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရေပန်းဥယျာဉ်ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ မှတစ်ဆင့် ပုဂ္ဂလိကလုပ်ငန်းရှင်များထံသို့ နှစ်ရှည်အငှားချထားခြင်းကို ၂ဝ၁၉ ခုနှစ်အောက်တိုဘာလက စတင်ခွင့်ပြုခဲ့ရာ တင်ဒါအောင်မြင်သော ဆန်းမြတ်ထွန်းကုမ္ပဏီက ဇန်နဝါရီ ၄ ရက်မှ စတင်တာဝန်ယူလုပ်ကိုင်လျက်ရှိသည်။

အဆိုပါ နေပြည်တော်ရေပန်းဥယျာဉ်ကို ပြည်တွင်း၊  ပြည်ပမှဧည့်သည်များ ပိုမိုလာရောက်စေရန်နှင့် ဒေသခံပြည်သူများ အပန်းဖြေအနားယူ လာရောက်နိုင်စေရန် ယခုပထမဆုံး အကြိမ် ပန်းပွဲတော်ကို နေပြည်တော်ရေပန်းဥယျာဉ်အတွင်း    ကျင်းပခြင်းဖြစ်သည်။

ပန်းပွဲတော်တွင် ပြည်တွင်းမှပန်းများနှင့် ထိုင်းနိုင်ငံမှ  ပန်းအမျိုးအစား ၅ဝ ခန့်ပါဝင်ပြီး ထိုင်းနိုင်ငံမှ ပန်းပညာရှင်များနှင့် ဒီဇိုင်းပညာရှင်များ ပါဝင်ကာ ပြည်တွင်းပညာရှင်များက စီစဉ်ရေးဆွဲပြီး ကျင်းပခြင်း ဖြစ်သည်။

အဆိုပါ ပန်းပွဲတော်ကို ပြင်ဦးလွင်ပန်းပွဲတော်ကဲ့သို့  နှစ်စဉ်ကျင်းပမည်ဖြစ်ပြီး  ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ကျင်းပ

မည်ဖြစ်သည်။

ထို့ပြင်ရေပန်းဥယျာဉ်အတွင်းရှိ ရေပန်းရုပ်ရှင် တို့ကိုလည်း အဆင့်မြှင့်တင်ထားပြီး စင်ကာပူနိုင်ငံမှ လာရောက်ဖွင့်လှစ်သည့် နိုင်ငံတကာအဆင့်မီ ကလေးကစားကွင်းများ၊ ပန်းပွဲတော်ကာလအတွင်း နိုင်ငံကျော်တေးသံရှင်များနှင့်  အပတ်စဉ်ဖျော်ဖြေ တင်ဆက်ပေးမည်ဖြစ်ပြီး ရေပန်းဥယျာဉ်ဝင်ကြေးမှာတစ်ဦးလျှင် ငွေကျပ် ၁၅ဝဝ သတ်မှတ်ထားကာ အသက် ငါးနှစ်အောက်ကလေးများမှာ  ဝင်ခွင့်အခမဲ့ဖြစ်ကြောင်း သိရသည်။

ဇော်မျိုး(နေပြည်တော်)

Read 38 times Last modified on Saturday, 15 February 2020 14:01