SJ WorldNews - шаблон joomla Авто

ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပေးထားသည့် ရေလုပ်သား အသိအမှတ်ပြုကတ် ကိုင်ဆောင် ထားသူများကိုသာ ရေလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမည်

Tuesday, 18 February 2020 11:38 font size decrease font size decrease font size increase font size increase font size

ငါးလုပ်ငန်း ဦးစီးဌာနမှ ထုတ်ပေးထားသည့်  ရေလုပ်သား အသိအမှတ်ပြု ကတ်ကိုင်ဆောင်ထားသူများကိုသာ ရေလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ်   ဦးမြင့်ဇင်ထူး၏ ပြောကြားချက်အရ   သိရသည်။
မြန်မာ့ပင်လယ်ပြင် အတွင်းရှိ ကျားဖောင် လုပ်ငန်းများတွင် တရားမ၀င် လူကုန်ကူးခံရပြီး    အဓမ္မခိုင်းစေမှုများ ပေါ်ပေါက်ခဲ့သည့်အတွက် ယခုနောက်ပိုင်းတွင် ငါးလုပ်ငန်းရှင်များ အနေဖြင့်   ငါးလုပ်ငန်း ဦးစီးဌာနမှ ထုတ်ပေးသည့်  ရေလုပ်သား အသိအမှတ်ပြု ကတ်မရှိသူများကို  ငါးလုပ်ငန်းများတွင် ခိုင်းစေခြင်းမပြုဘဲ အသိအမှတ်ပြု ကတ်ကိုင်ဆောင်ထားသူများကိုသာ  တရားဝင်ခိုင်းစေခွင့်ရှိမည်ဖြစ်သည်။
““လက်ရှိကျားဖောင်ငါးဖမ်းလုပ်ငန်းတွေမှာ စည်းကမ်းချိုးဖောက်လို့ ငါးလုပ်ငန်း ဥပဒေအရ အရေးယူ ထားတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ငါးလုပ်ငန်းရှင်တွေ၊ ကျားဖောင်လုပ်ငန်းရှင်တွေ အနေနဲ့ ဘာတွေလိုက်နာရမယ်၊ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက  ဆွေးနွေးနေပါတယ်။ ငါးဖမ်းရာသီမတိုင်မီ လိုက်နာရမယ့် အချက်တွေကို ထုတ်ပြန်ပေးမှာပါ””ဟု ဦးမြင့်ဇင်ထူး ကပြောသည်။
ရေလုပ်သား အသိအမှတ်ပြုကတ် မရှိပါက  သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာန၌ လာရောက်ပြုလုပ်နိုင်ပြီး ရေလုပ်သား အသိအမှတ်ပြုကတ် မပါရှိပါက   ငါးဖမ်းလိုင်စင် မထုတ်ပေးကြောင်း၊ ငါးဖမ်းလုပ်ငန်းများအား သတ်မှတ် ထားသည့်  စည်းကမ်းချိုးဖောက်နေမှုများကို   စစ်ဆေးအရေးယူခြင်းများ လုပ်ဆောင်လျက်ရှိသည်။  စည်းကမ်း ချိုးဖောက်ပါက ပထမအကြိမ် ဒဏ်ကြေးငွေကျပ် သိန်း ၃၀ နှင့် ငါးဖမ်းဆီးခွင့်   သုံးလ ပိတ်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ငါးသယံဇာတ လျော့နည်းလာသဖြင့်  ငါးလုပ်ငန်းရှင်များ အတွက် ငါးမဖမ်းရကာလ သုံးလသတ်မှတ်ထားပြီး ယင်းသုံးလအတွင်း  ဖမ်းဆီးပါက  ငါးလုပ်ငန်း ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
Read 94 times Last modified on Tuesday, 18 February 2020 11:39