SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့ပတ်ရထား စီးနင်းသည့် နိုင်ငံခြား ခရီးသွား ဧည့်သည် တစ်ရက်လျှင် ပျမ်းမျှ ၁၇၀ ကျော်ရှိ

Tuesday, 18 February 2020 11:57 font size decrease font size decrease font size increase font size increase font size

နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှု များသော ရန်ကုန်မြို့ရှိ မြို့ပတ်ရထား ပြေးဆွဲမှုတွင် လိုက်ပါစီးနင်းသည့် နိုင်ငံခြားခရီးသွား ဧည့်သည် တစ်ရက်လျှင် ပျမ်းမျှ ၁၇၀ ကျော်ရှိကြောင်း   မြန်မာ့မီးရထား  တိုင်းအမှတ်(၇) မှ သိရသည်။
““မြို့ပတ်ရထား လမ်းအဆင့်မြှင့်တင်မှု စီမံကိန်း မစတင်မီ  စီးနင်းသူ များပေမယ့် စီမံကိန်းကာလအတွင်း လမ်းတစ်လမ်း ပိတ်လိုက်တော့ စီးနင်းသူ နည်းသွားတယ်””ဟု မြန်မာ့မီးရထား တိုင်းအမှတ်(၇) သွားလာရေး မန်နေဂျာဦးဇော်လွင် ကပြောသည်။
နိုင်ငံခြားခရီးသွား ဧည့်သည်များ မြို့ပတ်ရထား စီးနင်းမှုအနေဖြင့် ၂၀၁၇ ခုနှစ်က တစ်ရက်လျှင် ပျမ်းမျှ ၁၆၃ ဦး၊ ၂၀၁၈ ခုနှစ်က တစ်ရက်လျှင် ပျမ်းမျှ ၁၇၄ ဦး၊ ၂၀၁၉ ခုနှစ်က တစ်ရက်လျှင် ပျမ်းမျှ ၁၇၃ ဦး နှင့် ယခုနှစ် လက်ရှိကာလအထိ ပျမ်းမျှ ၁၇၀ ကျော် လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းခရီးသွားများ မြို့ပတ်ရထား စီးနင်းမှုမှာ ၂၀၁၈ ခုနှစ်က တစ်ရက်လျှင် ခရီးသည် ကိုးသောင်းကျော် စီးနင်းမှုရှိပြီး ၂၀၁၉ ခုနှစ် မတ်လမှစ၍ မြို့ပတ်ရထားစီးနင်းသူ လျော့နည်းကာ  တစ်ရက်လျှင် စီးနင်းသူ ခြောက်သောင်းခန့်သာ ရှိတော့ကြောင်း၊ လက်ရှိတွင် တစ်ရက်လျှင်  စီးနင်းသူ ငါးသောင်းဝန်းကျင်သာ ရှိကြောင်း သိရသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပတ်ဘူတာ ၃၈ ဘူတာရှိပြီး ဆင်ခြေဖုံး ဘူတာ ၁၇ ဘူတာရှိကြောင်း၊ မြို့ပတ်နှင့် ဆင်ခြေဖုံးဘူတာတို့၌  လက်ရှိ   RBE တွဲဆိုင်းရှစ်ဆိုင်း၊  ရထားကြီး  ၁၂ ဆိုင်း စုစုပေါင်း တွဲဆိုင်း ၂၀  ဖြင့်  တစ်ရက်လျှင် အခေါက်ရေ  ၁၈၃  ခေါက် ပြေးဆွဲ ပေးနေကြောင်း သိရသည်။         
Read 71 times Last modified on Tuesday, 18 February 2020 11:58