SJ WorldNews - шаблон joomla Авто

လသာမြို့နယ်၊ (၂)ရပ်ကွက်၊ သံဈေး၌မီးလောင်မှု ဖြစ်ပွား

Friday, 21 February 2020 10:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂ဝ

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊(၂)ရပ်ကွက်၊ လမ်းမတော်လမ်း၊ (Map. No.12. A-3 ရှိ သံဈေး၌ ယနေ့နံနက် ၆ နာရီ ၅ မိနစ်ခန့်တွင် ဝိုင်ယာရှော့ခ်ဖြစ်ပွားရာ မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်ရာနေရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၅၉ စီး၊ လူနာတင်ယာဉ်တစ်စီး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ်သုံးစီး၊  ရေသယ်ယာဉ် ၃၆ စီး၊ အထောက်အကူပြုယာဉ် ၁ဝ စီး၊ ကွပ်ကဲမှုယာဉ်ရှစ်စီးတို့ဖြင့် တိုင်းဒေသကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးနှင့်တာဝန်ရှိသူများ ကြီးကြပ်၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁ဝ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်ရာနေရာသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်သားများက တပ်မတော် ဆေးရုံများမှ လူနာတင်ယာဉ်သုံးစီးဖြင့် ကူညီကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးခြင်း၊ မီးလောင်မှုတွင် ပိတ်မိနေသူ ၈၅ ဦးကို ကယ်ထုတ်ပေးခြင်းနှင့် မီးခိုးမွှန်သူ ခြောက်ဦး ကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်းများ ကူညီဆောင်ရွက်ပေးသည်။

မီးလောင်မှုကြောင့် သံဈေးရှိ ဒုတိယထပ်၊ တတိယထပ်နှင့်   စတုတ္ထထပ်တို့ရှိ ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

Read 48 times Last modified on Friday, 21 February 2020 10:25