SJ WorldNews - шаблон joomla Авто

၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ၀င်ရောက်လာသည့် နိုင်ငံခြား ခရီးသွား ဧည့်သည် တစ်သန်းကျော်အနက် တရုတ်နိုင်ငံသား အများဆုံး ပါဝင်

Friday, 21 February 2020 10:26 font size decrease font size decrease font size increase font size increase font size

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ၂၀၁၉ ခုနှစ်အတွင်း  နိုင်ငံခြား ခရီးသွား ဧည့်သည် တစ်သန်းကျော် ၀င်ရောက်ခဲ့ပြီး ယင်းတို့တွင် တရုတ်နိုင်ငံသား အများဆုံး ပါဝင်ကြောင်း   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

““၂၀၁၉ ခုနှစ်အတွင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ဗီဇာ ၁၄ မျိုးနဲ့ ၀င်ရောက်လာတဲ့    နိုင်ငံခြား ခရီးသွားဧည့်သည် စုစုပေါင်း ၁၃ သိန်းကျော်ရှိပြီး ၀င်ရောက်မှု အများဆုံးကတော့ ကမ္ဘာလှည့် ဗီဇာနဲ့ဝင်ရောက်တာ ၆၂၄၀၀၇ ဦးဖြစ်ပါတယ်။ အများဆုံး ၀င်ရောက်လာတာကတော့ တရုတ်နိုင်ငံသားတွေဖြစ်ပြီး သုံးသိန်းကျော် ရှိပါတယ်”” ဟု  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်  လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီး ဒေါ်မိုးမိုးစုကြည် ကပြောသည်။

ပြည်ဝင်ဗီဇာစနစ်အရ မြန်မာနိုင်ငံသို့ လာရောက်နေထိုင်လိုသော နိုင်ငံခြားသားသည် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများ၌ ပြည်ဝင်ဗီဇာ ၁၄ မျိုးကို  လျှောက်ထား၍ လည်းကောင်း၊ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဆိုက်ရောက်ဗီဇာ ရယူ၍ လည်းကောင်း၊ အွန်လိုင်းမှ E-Visa လျှောက်ထားခြင်းဖြင့် လည်းကောင်း ၀င်ရောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။   

Read 73 times Last modified on Friday, 21 February 2020 10:27