SJ WorldNews - шаблон joomla Авто

MAI လေကြောင်းလိုင်းမှ လေယာဉ်နှစ်စင်းဖြင့် ပြည်တွင်းပြည်ပ ခရီးစဉ်များ သြဂုတ်လတွင် ပျံသန်းနိုင်ရန် စီစဉ်

Friday, 21 February 2020 10:56 font size decrease font size decrease font size increase font size increase font size

Myanmar Ariways International (MAI)  လေကြောင်းလိုင်း အနေဖြင့် လေယာဉ်နှစ်စင်းဖြင့် သြဂုတ်လတွင် ပြည်တွင်းပြည်ပ ခရီးစဉ်များ    ပျံသန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါ လေကြောင်းလိုင်းမှ Chief  Operating Officer ဦးကျော်ဟန်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ပျံသန်းမှုအတွက် China De-velopment Bank Financial Leasing Co.,Ltd.    လုပ်ငန်းခွဲတစ်ခုဖြစ်သည့် CDB Aviation က MAI  လေကြောင်း လိုင်းသို့ Embraer E 190 လေယာဉ် နှစ်စင်းငှားရမ်းရန် ၂၀၂၀ ပြည့်နှစ် စင်ကာပူ လေကြောင်းပြပွဲ ဆက်စပ် အစည်းအဝေး၌ သဘောတူညီမှု လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းလေယာဉ်များဖြင့်     ပြည်တွင်း ပြည်ပခရီးစဉ်များကို သြဂုတ်လဆန်းပိုင်းတွင်   စတင်ပျံသန်းနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။ ထို့ပြင် ဈေးကွက်သစ်အတွက် ကောင်းမွန်သည့် ၀န်ဆောင်မှုများ ပေးနိုင်ရန်လည်း ဆောင်ရွက်မည်ဖြစ် သည်။

““ဒီလေယာဉ်တွေက  စွမ်းဆောင်ရည် မြင့်မားပါတယ်။    ၀န်ဆောင်မှုကောင်းတွေလည်း  ပါဝင်ပါတယ်။  ဈေးကွက်ချဲ့ထွင်မှု အနေနဲ့ လေယာဉ်နှစ်စင်းကို ငှားရမ်းနိုင်ခဲ့ပါတယ်။ လက်ရှိဈေးကွက်မှာလည်း ရန်ကုန်နဲ့မန္တလေးမြို့တို့ကို အခြေစိုက်ပြီးတော့ ပြည်တွင်းပြည်ပ နေရာတော်တော် များများကို  ပျံသန်းပေးနေပါတယ်”” ဟု ဦးကျော်ဟန် ကပြောသည်။

လက်ရှိတွင် MAI လေကြောင်းလိုင်းအနေဖြင့်  ရန်ကုန်နှင့် မန်္တလေးမြို့တို့ကို အခြေစိုက်၍   ထိုင်း၊ စင်ကာပူ၊ တရုတ်၊တရုတ်တိုင်ပေ၊ တောင်ကိုရီးယားနှင့် အိနိ္ဒယနိုင်ငံတို့သို့  A 319 s လေယာဉ်သုံးစင်းနှင့်   A 320 လေယာဉ်တစ်စင်းဖြင့် ခရီးစဉ်များ   ပျံသန်းပေးလျက်ရှိကြောင်း သိရသည်။

ယင်းလေကြောင်းလိုင်း အနေဖြင့် နိုင်ငံတကာ ပျံသန်းသည့် ဈေးကွက်၏ ၁၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင်   နှစ်ဆတိုးတက်လာရန် မျှော်မှန်းထားကြောင်း၊  ယင်းအတွက် လေယာဉ်များ တိုးချဲ့၍  ခရီးစဉ်သစ်များ  ပျံသန်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

Read 68 times Last modified on Friday, 21 February 2020 10:57