SJ WorldNews - шаблон joomla Авто

ပြင်ဦးလွင်မြို့နယ် အတွင်း နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ အဆောက်အအုံများ အနက် ငါးခုကို မြန်မာ့အမွေအနှစ် စာရင်းဝင်ရန် လုပ်ဆောင်မည်

Friday, 21 February 2020 11:01 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး   ပြင်ဦးလွင်မြို့ နယ်အတွင်း နှစ်ပေါင်း ၁၀၀ ကျော်သက် တမ်းရှိ အဆောက်အအုံများအနက် ငါးခု ကို မြန်မာ့အမွေအနှစ် စာရင်းဝင်အဖြစ် လုပ်ဆောင်ရန် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ  တင်ပြမည်ဖြစ်ကြောင်း  May- myo Heritage Trust မှအဖွဲ့ဝင် ဦးလင်း အာရုံစိုး၏ ပြောပြချက်အရ သိရသည်။

““ပြင်ဦးလွင်မြို့နယ်မှာ အရင်ခေတ်က တည်းက တည်ရှိခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ အဆောက်အအုံတွေကို ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်တဲ့အပြင် ပြည်တွင်း ပြည်ပခရီးသွားတွေ ပိုပြီး စိတ်ဝင်တစား လည်ပတ်နိုင်ဖို့အတွက် မြန်မာ့အမွေအနှစ် စာရင်းဝင်အဖြစ်  သတ်မှတ်ပေးဖို့  တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ မကြာမီ တင်ပြမှာပါ”” ဟု ဦးလင်းအာရုံစိုး ကပြောသည်။

အဆိုပါ အဆောက်အအုံငါးခုမှာ သန့်ရှင်းမှုအပေါင်း ဘုရားကျောင်း  (ခရစ်ယာန် ဘုရားကျောင်း)၊   မြေတိုင်းဘုရားကျောင်း၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊    ပြည်သူ့ဆေးရုံကြီးနှင့် သော်ကမြိုင်တို့ဖြစ်သည်။

ယင်းအစီအစဉ်ကို  Maymyo Heritage Trust အဖွဲ့၊ မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပြင်ဦး လွင်ဇုန်)၊ မြို့မိမြို့ဖများ၊ စိမ်းလန်းပြင်ဦးလွင်နှင် ပြင်ဦးလွင်ခရီးသွား လုပ်ငန်းအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Read 62 times Last modified on Friday, 21 February 2020 11:02