SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီ၏ စတုတ္ထ အကြိမ် အစည်းအဝေး ကျင်းပ

Saturday, 22 February 2020 10:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ   ၂၁

 မြန်မာနိုင်ငံအမျိုးသား ယဉ်ကျေးမှုဗဟို ကော်မတီ၏ စတုတအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီ ဥကဋ္ဌ ဒုတိယသမတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယ၀န်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တကသိုလ်များမှ ပါမောကချုပ်များ၊ မြန်မာ သမိုင်းအဖွဲ့၊ မြန်မာနိုင်ငံဗိသုကာပညာရှင် များအသင်း၊ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်း အရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)နှင့်   မြန်မာနိုင်ငံ ဂီတပညာရှင်များ အစည်း အရုံး တို့မှ    တာဝန်ရှိသူများနှင့် ယဉ်ကျေးမှု ဆိုင်ရာပညာရှင်များ၊ ဌာနဆိုင်ရာ များမှတာဝန်ရှိသူများ    တက်ရောက် ကြသည်။

အစည်းအဝေးတွင်   ဒုတိယ သမတ ဦးဟင်နရီ ဗန်ထီးယူက အမှာစကားပြော ကြားသည်။

ထို့နောက် တက်ရောက်လာကြသူများကရှေးဟောင်းယဉ်ကျေးမှုနယ်မြေများတွင် ကျူးကျော်ဝင်ရောက်နေသူများအား အသိ ပညာပေးရေးနှင့် ဥပဒေနှင့်အညီထိရောက်စွာအရေးယူဆောင်ရွက်ရေး၊ ဗိသုကာလက်ရာနှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေး၊ ဒြပ်မဲ့ယဉ်ကျေးမှုများထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဥပဒေပြဋ္ဌာန်း နိုင်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်အဆောက် အအုံများအပေါ်သို့ တက်ရောက်ခွင့်ကို ထိရောက်စွာတားမြစ်ပိတ်ပင် ပေးနိုင်ရေး၊ ပုဂံဒေသတွင် ဒစ်ဂျစ်တယ်မြေပုံအသုံးပြုနိုင်ရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ကမာလှည့် ခရီးသွား ရဲတပ်ဖွဲ့  ဖွဲ့စည်း၍  ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် ခရီးသွား များအတွက် လုံခြုံရေးဆောင်ရွက်ပေးနေမှု၊ ကမာလှည့်ခရီးသွားများကို အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေရေး၊ ဒြပ်မဲ့ ယဉ်ကျေးမှုသုတေသနလုပ်ငန်းများဆောင်ရွက်ရန်   လိုအပ်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံတို့က သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီး ဌာနအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်၊ အနုပညာများ မပျောက်ပျက်စေရေးအတွက် ဆောင်ရွက် နေမှုများနှင့် ဖြည့်ဆည်းဆောင် ရွက်ပေးနေမှုအခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယ သမတက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။

Read 66 times Last modified on Saturday, 22 February 2020 10:36