SJ WorldNews - шаблон joomla Авто

အစိုးရမှ တိုင်းဒေသကြီး သုံးခု၌ စပါးတင်းပေါင်း ၁၂ သိန်းကျော် ၀ယ်ယူထား

Monday, 24 February 2020 08:18 font size decrease font size decrease font size increase font size increase font size

အစိုးရမှ စပါးတင်း ၁၀၀ လျှင် အခြေခံဈေး ငွေကျပ် ငါးသိန်းပေး၍ တိုင်းဒေသကြီး သုံးခု၌ ဖေဖော်ဝါရီပထမပတ်အထိ စပါးတင်းပေါင်း ၁၂ သိန်းကျော် ၀ယ်ယူထားပြီး စပါးတချို့ကို ကြိတ်ခွဲကာ သတ်မှတ်ထားသည့်  ဆန်ဂိုဒေါင်များသို့  ပေးပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရသည်။

အဆိုပါတိုင်းဒေသကြီး သုံးခုရှိ   တင်ဒါအောင်မြင်ထားသူများက အ၀ယ်ဒိုင်များ ဖွင့်လှစ်၍  ၀ယ်ယူရာတွင်  ဧရာဝတီတိုင်း ဒေသကြီးမှ စပါးတင်းပေါင်း ၇၃၅၀၀၀ ကျော်၊ ပဲခူးတိုင်း ဒေသကြီးမှ  စပါးတင်း ပေါင်း ၃၆၅၀၀၀ ကျော်နှင့် ရန်ကုန်တိုင်း ဒေသကြီးမှ စပါးတင်းပေါင်း ၁၆၀၀၀၀ ကျော် ၀ယ်ယူထားပြီး ဖြစ်သည်။

““ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမှာတော့ မိုးစပါး ၀ယ်ယူနေတာ တစ်လခွဲလောက်ရှိပြီ။ စပါးတင်း ၁၀၀ ကို ဆန် ၂၄ အိတ်ရမယ်။ ဒီစပါးတွေကို ကြိတ်ခွဲပြီးတော့   အစိုးရက သတ်မှတ်ထားတဲ့ ဆန်ဂိုဒေါင်နှစ်ခုဖြစ်တဲ့ ပင်လယ်ကိုးသွယ်နဲ့ ရွှေလင်ပန်းကုမ်္ပဏီပိုင် ဂိုဒေါင်ဆီပေးပို့ရတယ်။ အခုဆို စပါးလည်းဝယ်ရင်း စပါးတချို့ကို ကြိတ်ခွဲပြီးတော့ ကိုယ်နဲ့ လမ်းပန်းဆက်သွယ်ရေးအရ အဆင်ပြေတဲ့ ဂိုဒေါင်တွေဆီ စပို့နေပြီ”” ဟု ပဲခူးတိုင်းဒေသကြီး   ဆန်စက်ပိုင်ရှင်များ အသင်း နာယက ဦးလှမိုးကပြောသည်။

၂၀၁၉   ခုနှစ်က အစိုးရရန်ပုံငွေဖြင့် မိုးစပါးဝယ်ယူရန် ဧရာဝတီတိုင်း ဒေသကြီးအတွက်  ငွေကျပ်  ငါးဘီလီယံ(ငွေကျပ် သိန်းပေါင်း ငါးသောင်း)၊ ပဲခူးတိုင်းဒေသကြီး အတွက် ငွေကျပ် ခြောက်ဘီလီယံ (ငွေကျပ်သိန်းပေါင်း ခြောက်သောင်း)၊    ရန်ကုန် တိုင်းဒေသကြီးအတွက် ငွေကျပ် နှစ်ဘီလီယံ (ငွေကျပ် သိန်းပေါင်း နှစ်သောင်း)နှင့် အပိုရန်ပုံငွေအဖြစ် ငွေကျပ် နှစ်ဘီလီယံထား၍ စုစုပေါင်း ငွေကျပ် ၁၅ ဘီလီယံ ထားရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖေဖော်ဝါရီ ပထမပတ် စာရင်းများအရ တိုင်းဒေသကြီးသုံးခုရှိ တင်ဒါအောင်မြင်သူများ ၀ယ်ယူဆဲဖြစ်သည့် စပါးတချို့ကို ကြိတ်ခွဲ၍ ပင်လယ်ကိုးသွယ် ဆန်ဂိုဒေါင်သို့ ပဲခူးတိုင်းဒေသကြီးမှ ဧည့်မထဆန်တန်ချိန် ၈၀ ကျော်၊ ရန်ကုန် တိုင်းဒေသကြီးမှ ငစိန်ဆန်တန်ချိန် ၄၄၀ ကျော်   ပေးပို့ထားပြီး ဖြစ်ကြောင်း   သိရသည်။   

Read 122 times Last modified on Monday, 24 February 2020 08:18