SJ WorldNews - шаблон joomla Авто

ပန်းခြံများ၌ အဆင့်မြင့် အပန်းဖြေ စားသောက်ဆိုင်များဖွင့်လှစ်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ(EOI) ခေါ်ယူမည်

Monday, 24 February 2020 08:37 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့ရှိ  ပန်းခြံများ၌  အဆင့်မြင့် အပန်းဖြေ စားသောက်ဆိုင်များ ဖွင့်လှစ်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI)ခေါ်ယူမည်ဖြစ်ကြောင်း      ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၏  ပြောကြားချက်အရ သိရသည်။

အဆိုပါ ပန်းခြံများအတွင်း  အပန်းဖြေ အနားယူသူများ    အဆင်ပြေမှုရှိစေရေး စားသောက်ဆိုင်များ ဖွင့်လှစ်ရန်  ဆောင်ရွက်ခြင်းဖြစ်ပြီး စိတ်ဝင်စားမှု အဆိုပြုလွှာ ခေါ်ယူပြီးပါက   တင်ဒါခေါ်ယူရွေးချယ်၍  တည်ဆောက် မည်ဖြစ်သည်။ လက်ရှိတွင်  ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း   ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ စီမံဆောင်ရွက်နေသော အများပြည်သူ အပန်းဖြေနိုင်မည့်    ပန်းခြံအရေအတွက်သည် အရှေု့ပိုင်း ခရိုင်၌ ၁၅ ခု၊ အနောက်ပိုင်းခရိုင်၌ ၁၉ ခု၊ တောင်ပိုင်း ခရိုင်၌ ၁၄ ခု၊  မြောက်ပိုင်းခရိုင်၌ ၁၃ ခု စုစုပေါင်း ၆၁ ခုရှိပြီး  ယင်းပန်းခြံများ၌ အဆင့်မြင့် စားသောက်ဆိုင်များ   ဖွင့်လှစ်နိုင်ရေးအတွက်   ဆောင်ရွက်နေခြင်းဖြစ်သည်။

 ““အများပြည်သူ အဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်အောင် ပန်းခြံတွေကိုလည်း အဆင့်မြှင့်တင်ပေးနေတယ်။ နောက်ပြီး  အဆင့်မြင့် စားသောက်ဆိုင်တွေပါ  တည်ဆောက်ပေးနိုင်အောင်    စိတ်ဝင်စားမှု အဆိုပြုလွှာခေါ်ယူ မှာပါ။ အဓိကကတော့ ဆိုင်နဲ့ပန်းခြံ လိုက်ဖက်တဲ့ အခြေအနေမျိုးကို ရွေးချယ်မယ်”” ဟု ဦးမောင်မောင်စိုးကပြောသည်။

ယင်းသို့ စိတ်ဝင်စားမှု အဆိုပြုလွှာခေါ်ယူရာတွင် အများပြည်သူ နှစ်သက်ပြီးသား စားသောက်ဆိုင်များကိုသာ ဦးစားပေး ရွေးချယ်မည်ဖြစ်ပြီး အထူးသဖြင့် ပန်းခြံပျက်စီးမှု မရှိနိုင်သည့် စားသောက်ဆိုင်များကို ရွေးချယ် မည်ဖြစ်ကြောင်း၊ စားသောက်ဆိုင်များ အနေဖြင့်လည်း ထွက်ရှိလာသည့် အမှိုက်များကို   ပန်းခြံမပျက်စီးစေရန် စနစ်တကျ စွန့်ပစ်ရမည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း  သိရသည်။  ထို့ပြင် သင့်တင့်သော ဈေးနှုန်းဖြင့် ပြည်သူများအတွက်  ၀န်ဆောင်မှု ပေးနိုင်မည့်  စားသောက်ဆိုင်များကို ရွေးချယ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပန်းခြံများကို အများပြည်သူ အပန်းဖြေအနားယူနိုင်မည့် နေရာများဖြစ်လာစေရန် လည်းကောင်း၊ ကျန်းမာရေးအရ  လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်မည့် နေရာများအဖြစ် လည်းကောင်း  ပုံဖော်ဆောင်ရွက်ပေးလျက် ရှိကြောင်း  သိရသည်။

 

 

Read 122 times Last modified on Monday, 24 February 2020 08:38