SJ WorldNews - шаблон joomla Авто

ဒစ်ဂျစ်တယ် အလုပ်အကိုင် ပြပွဲတွင် အလုပ်လာရောက် ရှာဖွေသူပေါင်း ၂၅၀၀ ဦး ကျော်ရှိ

Monday, 24 February 2020 09:09 font size decrease font size decrease font size increase font size increase font size

မန္တလေးမြို့တွင် Job Net. com.mm မှဦးစီး၍ ဒစ်ဂျစ်တယ် အလုပ်အကိုင်ပြပွဲကို ဖေဖော်ဝါရီ ၂၃ ရက်  နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနှင့် လမ်း၃၀ ထောင့် မန္တလေးဘူတာကြီး အပေါ်ထပ်ရှိ Hotel Marvel ၌ ကျင်းပသည်။

အလုပ်အကိုင်ပြပွဲတွင် နယ်ပယ်အသီးသီးမှ ထိပ်တန်းကုမ္ပဏီများဖြစ်သည့် Ooredoo ၊ Wall Street English၊ Colgate ၊  Global Net ၊   Yoma  Bank ၊ Myanmar Yangtse Copper ကုမ္ပဏီလီမိတက် Food Panda ၊ Hayman Microfinance အစရှိသည့်ကုမ္ပဏီကြီးများက အထက်မြန်မာပြည်တွင်း အလုပ်အကိုင်ပေါင်း ရာကျော်အတွက် အလုပ်ခန့်အပ်ရန် ၀န်ထမ်းများအား ရှာဖွေခေါ်ယူခဲ့သည်။

အဆိုပါပြပွဲကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ  တစ်ရက်တာ ပြုလုပ်ကျင်းပခဲ့ပြီး ဘွဲ့ရပြီးခါစ လူငယ်များ၊ လုပ်ငန်းအတွေ့အကြုံ ရှိသူများ၊ မန်နေဂျာအဆင့်နှင့် ဒါရိုက်တာအဆင့် ရာထူးများအား အတွက်သာမက အလုပ်သင်ရာထူးများ အတွက်ပါ အလုပ်အကိုင် လာရောက် လျှောက်ထားသူဦးရေ ၂၅၀၀ ဦးကျော်ရှိကြောင်း သိရသည်။

JobNet. com.mm မှ Jobnation အလုပ်အကိုင်ပြပွဲကို နှစ်စဉ် ရန်ကုန်တွင် နှစ်ကြိမ်၊ စင်ကာပူတွင် တစ်ကြိမ် ကျင်းပလေ့ရှိပြီး ယခုလာမည့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ Novotelဟိုတယ်၌ ဒုတိယအကြိမ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Read 122 times Last modified on Monday, 24 February 2020 09:10