SJ WorldNews - шаблон joomla Авто

ထီးတော်တင်မင်္ဂလာနှင့်ကျောင်းဆောင်သစ် ရေစက်ချပွဲ ကျင်းပ

Monday, 24 February 2020 09:15 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အမှတ်(၉)ရပ်ကွက် အရှေ့ခါးရိုး ပရိယတ်္တိစာသင်တိုက်၌  ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းတွင်  အောင်တော်မူပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး ထီးတော်တင် မင်္ဂလာနှင့် စိန်ရတနာ ဓမ္မဗိမာန် ကျောင်းဆောင်တော်ကြီး ရေစက်ချ အလှူတော် မင်္ဂလာ အခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်၊ ဘုံအဆင့်ဆင့်တို့နှင့်ပရိတ်သဲ၊ ပရိတ်ချည်၊ ပရိတ်ပန်းတို့ကို ဆရာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းပြီး သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ချီးမြှင့်ကာ ပရိတ်သဲ၊ ပရိတ်ချည်၊ ပရိတ်ပန်းတို့ကို စေတီတော်ရင်ပြင်ပေါ်သို့ ပက်ဖျန်း ချည်နှောင်ပေးသည်။

ဆက်လက်၍ ဆရာတော် အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မန္တလေးမြို့ တောင်ပြင်ထီးလင်းတိုက် ဇောတိကရုံစာချအုဋမ်ကျောင်း ဆရာတော် ဘဒ္ဒန္တဇာဂရိယထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အနုမောဒနာတရား နာယူကြသည်။

အဆိုပါ စေတီတော်နှင့်ကျောင်းဆောင်တော်ကြီးကို ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တပညာစက္ကက မတည်လှူဒါန်း၍ စေတနာရှင် ပါရမီရှင်များ၏ ထည့်ဝင်ငွေစုစုပေါင်း ငွေကျပ်သိန်း ၂၃၀၀ ဖြင့် ဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။      

Read 125 times Last modified on Monday, 24 February 2020 09:16