SJ WorldNews - шаблон joomla Авто

CVT Myanmar အသက်မွေးမှု အတတ်ပညာ သင်တန်းကျောင်းတွင် ပညာဒါနအခမဲ့ သင်တန်းများ ဖွင့်လှစ်ပေးမည်

Monday, 24 February 2020 09:36 font size decrease font size decrease font size increase font size increase font size

CVT  Myanmar အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း၏ ငါးနှစ်တာမဟာဗျူဟာသစ်အရ လုပ်သား ဈေးကွက်တွင် လိုအပ်ချက်နှင့်အညီ ကာလတိုသင်တန်း များအဖြစ် စတင်ပြောင်းလဲ ဆောင်ရွက်မည်ဖြစ်ပြီး ငွေကြေးမတတ်နိုင်သော လူငယ်များအတွက်လည်း ပညာဒါနအခမဲ့ သင်တန်းများ ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကျောင်းတွင် အသက်၁၈ နှစ်ပြည့်ပြီး အခြေခံပညာ အထက်တန်းအဆင့်ရှိရုံဖြင့် ကျွမ်းကျင်ပညာရှင်များ ဖြစ်လာစေရန်နှင့် ၂ဝ၂ဝ ပြည့်နှစ် မေလမှ စတင်၍ ပထမနှစ်သင်တန်းများကို သုံးလခန့်တက်ရောက်ရမည့် အလုပ်ခွင်သင်တန်းပုံစံ၊  ဒုတိယနှစ်နှင့်  တတိယနှစ်အတွက် လုပ်ငန်းခွင်နှင့် သက်မွေးပညာပေါင်းစပ်ခြင်းပညာရေးကို တစ်ပတ်လျှင် တစ်ရက်တက်ရောက်ပြီး စုစုပေါင်း နှစ်နှစ်တာကာလအတွင်း တက်ရောက်ရသည့် သင်တန်းပုံစံများ ဖွင့်လှစ်မည်ဖြစ်သည်။

အသက်မွေးမှုအတတ်ပညာ သင်တန်းကျောင်းတွင် စီးပွားရေးစီမံမှု အတတ်ပညာသင်တန်း၊  ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း၊   လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တန်း၊  ဟိုတယ်နှင့်ဧည့်ဝတ်ပြုမှုဆိုင်ရာ အတတ်ပညာသင်တန်း၊ သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်းတို့ သင်ကြားပေးမည် ဖြစ်ပြီး လူငယ် အတတ်ပညာရှင်များ  ထွက်ပေါ်လာရေးအတွက် စာတွေ့လက်တွေ့ လုပ်ငန်းခွင်နှင့် သက်မွေးပညာတို့ကို ပေါင်းစပ် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။ 

လင်းခန့်

Read 124 times Last modified on Monday, 24 February 2020 09:38