SJ WorldNews - шаблон joomla Авто

အဆင့်မြင့် မင်္ဂလာဈေးသစ်စီမံကိန်း အဆောက်အအုံ တစ်ခုလုံးရှိ အကြမ်းထည် လုပ်ငန်းများ ယခုနှစ် နိုဝင်ဘာလ အပြီးဆောင်ရွက်မည်

Monday, 24 February 2020 09:38 font size decrease font size decrease font size increase font size increase font size

လက်ရှိတွင်  ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်၌ တည်ဆောက်နေသည့် အဆင့်မြင့်လက်ကား ဈေးကြီးဖြစ်သော  မင်္ဂလာဈေးသစ်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စီမံကိန်းအဆောက်အအုံတစ်ခုလုံးရှိ အကြမ်းထည်လုပ်ငန်းများကို ယခုနှစ် နိုဝင်ဘာလ အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ  ဈေးသစ်တည်ဆောက်ရေးလုပ်ငန်းရှိ မြေညီထပ်အပေါ်ပိုင်း လေးလွှာဆောက်လုပ် ပြီးစီးပြီဖြစ်၍    ငါးလွှာကို ဆက်လက် ဆောက်လုပ်လျက်ရှိသည်။ စီမံကိန်းတစ်ခုလုံး၏ မြေအောက်ထပ်(Basement) နှစ်ထပ်တည်ဆောက်ခြင်း လုပ်ငန်းများကို မတ်လကုန်ပိုင်းတွင် အပြီးဆောင်ရွက်မည် ဖြစ်သည်။ နိုဝင်ဘာလကုန်ပိုင်းတွင် အဆောက်အအုံ တစ်ခုလုံးရှိ အကြမ်းထည်လုပ်ငန်းများ အပြီးသတ်ဆောင်ရွက်မည် ဖြစ်သည်။ ယင်းစီမံကိန်းကို စက်ယန္တရားများ အပါအဝင် ပြည်ပအတွေ့အကြုံ ရှိသည့် ကျွမ်းကျင်အင်ဂျင်နီယာ ၇ဝ  နှင့် လုပ်သားအင်အား ၃ဝဝ ကျော်ဖြင့်  ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဈေးသစ်ကို အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီမှ  မန်နေးဂျင်း ဒါရိုက်တာ  ဒေါက်တာနေလင်းထွန်းက ပြောသည်။

အဆိုပါ  ဈေးသစ်အဆောက်အအုံကို အပိုင်းသုံးပိုင်းခွဲကာ  ဆောက်လုပ်နေခြင်းဖြစ်ပြီး စီမံကိန်းအတွက် ငွေကျပ် ၆၈ ဘီလီယံအကုန်အကျခံ  တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

စီမံကိန်းဧရိယာအတွင်း မြေအောက်ထပ်နှစ်ထပ် အပါအဝင် အထပ်မြင့် ၁၅ ထပ်ရှိ     ဈေးသစ်အဆောက်အအုံကို ဆောက်လုပ်မည်ဖြစ်ပြီး ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်သူများ အဆင်ပြေစေရန် မြေညီထပ်၌ ဘဏ်များ၊ စားသောက်ဆိုင်များနှင့်  စူပါမားကက်ကိုပါ ထည့်သွင်းဆောက်လုပ်မည်ဖြစ်သည်။  မြေအောက်ထပ် နှစ်ထပ်အပါအဝင်  ခြောက်ထပ်မှ ၁၃ ထပ်အထိ ယာဉ်အစီးရေ ၇ဝဝ ကျော် ရပ်နားနိုင်မည့် ကားပါကင်နေရာပါဝင်ပြီး ကိုးထပ်နှင့် ၁ဝ ထပ်တွင် ဆိုင်ခန်းများနှင့် ကုန်လှောင်ရုံများ ပါဝင်မည်ဖြစ်ကာ  ၁၁ ထပ်မှ ၁၃ ထပ်အထိ ရုံးခန်းများ ထည့်သွင်းဆောက်လုပ်မည်ဖြစ်သည်။ စီမံကိန်းအတွင်းရှိ    ဆောက်လုပ်ရေးကုမ္ပဏီမှ ရရှိမည့်  အပိုင်းနေရာဖြစ်သော   အထပ်ငါးထပ်မှ ရှစ်ထပ်အထိ ဆိုင်ခန်းပေါင်း ၁ဝဝဝ ကျော်ကိုပါ  ထည့်သွင်းဆောက်လုပ်မည် ဖြစ်ပြီး    မြေညီထပ်မှ လေးထပ်အထိ ယခင်မင်္ဂလာဈေးမီးလောင်မှုကြောင့် ဈေးအတွင်း ဆိုင်ခန်းများငှားရမ်းကာ  ရောင်းချနေကြသည့်    ဈေးသူ၊ ဈေးသားများအတွက်   ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စီမံခန့်ခွဲကာ   ပြန်လည်နေရာ ချထားပေးမည် ဖြစ်ကြောင်း သိရသည်။       

 ဝန်းရံခ

Read 134 times Last modified on Monday, 24 February 2020 09:44