SJ WorldNews - шаблон joomla Авто

ရှမ်းပြည်နယ်မှ ထောပတ်သီး လက်ကျန်များ ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိ

Tuesday, 25 February 2020 08:37 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ထောပတ်သီးလက်ကျန်များကို ထိုင်းနိုင်ငံသို့ တင်ပို့နေပြီး ချင်းပြည်နယ်မှ ထောပတ်သီးများကို အိန္ဒိယနိုင်ငံသို့ အနည်းငယ်တင်ပို့လျက် ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်၏ပြောပြချက်အရ သိရသည်။

လက်ရှိအချိန်သည်   ရှမ်းပြည်နယ်၌ ထောပတ်သီးရာသီ  ကုန်ခါနီးချိန်ဖြစ်ပြီး လက်ကျန်သီးများသာ ကျန်ရှိတော့သည့် အချိန်ဖြစ်ကာ ချင်းပြည်နယ်၌ ဧပြီလအထိ ထွက်ရှိလေ့ရှိကြောင်း သိရသည်။

''ချင်းပြည်နယ်က မတ်၊ ဧပြီလလောက်အထိ ထောပတ်သီး ထွက်ရှိနိုင်သေးတယ်။ အိန္ဒိယနိုင်ငံကို တချို့အသီးတွေ နည်းနည်း ပါးပါးတင်ပို့တာရှိပေမယ့်  ပြည်တွင်းဈေးကွက်ထဲ ဝင်တာများပါတယ်'' ဟု ဦးမျိုးညွန့် ကပြောသည်။

ထိုသို့တင်ပို့ရာတွင် ရှမ်းပြည်နယ်မှထွက် ရှိသည့် ထောပတ်သီးများကို ကျိုင်းတုံ- တာချီလိတ်လမ်းကြောင်းမှတစ်ဆင့် ထိုင်း နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။

ပြည်တွင်းရှိ  ထောပတ်မျိုးများသည် အရည်အသွေး ကောင်းမွန်သော်လည်း အလေ့ကျခြံစည်းရိုးပင်များ အဖြစ်သာ စိုက်ပျိုးခဲ့သည့်အတွက် ထွက်ရှိချိန်တွင် သီးလုံးမညီခြင်း၊  တူညီသည့် အရည်အသွေးကို တစ်ချိန်တည်းတွင် အရေအတွက်များများ မရရှိနိုင်ခြင်း စသည့် အခက်အခဲများကြောင့် ပြည်ပနိုင်ငံတို့သို့  တင်ပို့ရာတွင်  ဈေး ကောင်းမ ရရှိခြင်းများ   ရှိသည့်အတွက် နိုင်ငံတကာ ဈေးကွက်ဝင်မျိုးများကို ပြည်ပမှမှာ ယူကာ စနစ်တကျ စိုက်ပျိုးခဲ့ရာ ၂ဝ၂၁ ခုနှစ်နှင့် ၂ဝ၂၂ ခုနှစ်တို့တွင် အရည်အသွေး ပြည့်မီသည့် ထောပတ်သီးများကို  ပြည်ပ နိုင်ငံတို့သို့ တင်ပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။                          

နေနေ

Read 46 times Last modified on Tuesday, 25 February 2020 08:38