SJ WorldNews - шаблон joomla Авто

မြေနီကုန်းခုံးကျော်တံတားအောက်၌ အားကစား ပြုလုပ်နိုင်ရန် ကြမ်းပြင်များ ပြုပြင်ခင်းကျင်းနေ

Tuesday, 25 February 2020 08:38 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့ မြေနီကုန်းခုံးကျော်တံတားအောက်၌ လူငယ်များအားကစား ပြုလုပ်ရာတွင် အဆင်ပြေစေရန် မူလခင်းကျင်းထားသော ကြမ်းပြင်များအစား ချောမွေ့သည့် ကြမ်းပြင်များ ပြန်လည်ပြုပြင် ခင်းကျင်းနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

''မြေနီကုန်းခုံးကျော် တံတားအောက်က ကြမ်းပြင်တွေ မညီတော့  အားကစားလုပ်သူတွေအတွက်     အဆင်မပြေဘူးဆိုပြီး တင်ပြလာလို့ ကွင်းဆင်းမှုတွေ လုပ်နေတယ်။ ညီညာချောမွေ့သွားအောင် ကြမ်းပြင်ခင်း ပေးနေတာ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ''ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ  လမ်းတံတားဌာန  ဌာနမှူး ဦးလင်းခိုင်ကပြောသည်။

ထိုသို့ ကြမ်းပြင်ခင်းကျင်းမှုအပြင် အဆိုပါတံတားတစ်ဖက်တစ်ချက်၌ ဘောလုံးကွင်းများ ဖော်ဆောင်ပေးခြင်း၊ ဆွေးမြည့်နေသည့် သံပန်းများ ပြန်လည်ပြုပြင်ခြင်း၊ ဘောလုံးကစားရာတွင်   အန္တရာယ်မဖြစ်စေရန် ပိုက်ကွန်များ   တပ်ဆင်ပေးခြင်းတို့ကိုလည်း   ဆောင်ရွက်ပေးထားကြောင်း သိရသည်။

အဆိုပါမြေနီကုန်း   ခုံးကျော်တံတားအောက်၌ ပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးပါက လှည်းတန်းခုံးကျော် တံတားအောက်တွင်ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊   လက်ရှိ လှည်းတန်းခုံးကျော် တံတားအောက်၌ စကိတ်ကွင်းများ၊ စက်ဘီးစီးကွင်းများရှိသောကြောင့် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို  အသေးစိတ် စီစဉ်ရေးဆွဲနေကြောင်း သိရသည်။

''ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ပိုင်ခွင့်ထဲကပဲ ဆက်လက်ဆောင်ရွက်မယ်။ လုပ်တဲ့ ရည်ရွယ်ချက်ကလည်း  လူငယ်တွေကောင်းဖို့ အတွက်ပါ။ အဲဒီအတွက် လိုအပ်တာတွေ ပံ့ပိုးပေးမှာဖြစ်ပါတယ်'' ဟု  ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ရန်ကုန်မြို့ရှိ  ခုံးကျော်တံတားများအောက်၌ အပန်းဖြေနေရာများ၊ အားကစားပြုလုပ်ရန် နေရာများနှင့် ကားပါကင် နေရာများ  စသည်တို့ကို ထပ်မံဆောင်ရွက်ရန် အစီအစဉ် ရှိကြောင်း သိရသည်။                         

ကျော်ကို

Read 40 times Last modified on Tuesday, 25 February 2020 08:39