SJ WorldNews - шаблон joomla Авто

ကသာမြို့နယ်၌ စိုက်ပျိုးထားသော ဖရဲသီးများ လှိုင်လှိုင်ထွက်ရှိ

Tuesday, 25 February 2020 13:01 font size decrease font size decrease font size increase font size increase font size

ကသာမြို့နယ်ရှိ မြေနုသဲသောင်များတွင် သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးထားသော ဖရဲအဖြူနှင့် ဖရဲကျားများ လှိုင်လှိုင်ထွက်ရှိကြောင်း သိရသည်။

ကသာမြို့နယ် အထက်ဝဲကြီးအုပ်စု၊ မိုးတားလေးအုပ်စု၊ ကျောက်ထုံးကြီးအုပ်စု၊ ပုလွှေရွှေအုပ်စုနှင့် ကသာမြို့နယ် အောက်ဝဲကြီးအုပ်စု၊ ညောင်ခြေထောက်ကျေးရွာအုပ်စု၊ သံပရာကျေးရွာအုပ်စုတို့မှ သီးနှံစိုက်ပျိုးတောင်သူများ ဧရာဝတီမြစ် မြေနုသဲသောင်ကျွန်းများတွင် နှစ်စဉ်စိုက်ပျိုးရေးကို အခြေခံ၍ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိသည်။

''ဖရဲစေ့မပါသောအသီး  တစ်လုံးကို ငွေကျပ် ၁ဝဝဝ၊ ၁၅ဝဝ၊ ဖရဲကျား အကြီးတစ်လုံးကို လက်လီဈေး ငွေကျပ် ၂ဝဝဝ နဲ့ ရောင်းချပါတယ်။ မြို့နယ်တွေမှာ လာရောက်ဝယ်ယူသူ   နည်းနေတဲ့အတွက် ဝယ်ယူသူများရင် စိုက်ပျိုးသူတွေ ပိုအဆင်ပြေပါတယ်''ဟု ဒေသခံတစ်ဦးက ပြောသည်။

ကသာမြို့နယ်၌   ယခင်နှစ်များက လားရှိုး၊ တောင်ကြီး၊  မူဆယ်မှ အခင်းပြတ်အလုံးရေစနစ်ဖြင့်  ဝယ်ယူမှုအားကောင်း

ခဲ့သော်လည်း  ယခုနှစ်တွင် လာရောက် ဝယ်ယူခြင်း မရှိသေးကြောင်း ဖရဲကုန်သည် တစ်ဦးထံမှ သိရသည်။   

ငွေအိုး(ကသာ)

Read 44 times Last modified on Tuesday, 25 February 2020 13:02