SJ WorldNews - шаблон joomla Авто

သိမ်ကြီးဈေး လူကူးခုံးကျော်တံတားကို ဒီဇိုင်းအသစ်ဖြင့် ပြန်လည်အဆင့်မြှင့်တင်ရန် စီစဉ်

Thursday, 27 February 2020 08:22 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီးအတွင်း အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားဆုံရာ လမ်းထောင့်ရှိ  သိမ်ကြီးဈေးလူကူးခုံးကျော် တံတားကို  ဒီဇိုင်းအသစ်ဖြင့်  ပြန်လည် အဆင့်မြှင့်တင်ရန် စီစဉ်လျက်ရှိကြောင်း ပန်းဘဲတန်းမြို့နယ်  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်    ဦးသန်းနိုင်ဦး၏ ပြောဆိုချက်အရ သိရသည်။

ယင်းကဲ့သို့ အဆင့်မြှင့်တင်ခြင်းကို   ရွှေတောင်ကုမ္ပဏီမှ  တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။

''သိမ်ကြီးဈေး လူကူးခုံးကျော်တံတား ကို ၂ဝ၂ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ ဒီဇိုင်း အသစ်နဲ့ ပြန်လည်မွမ်းမံမှာဖြစ်ပါတယ်'' ဟု ဦးသန်းနိုင်ဦးက ပြောသည်။

လက်ရှိတွင် မြေပြင်တိုင်းတာခြင်းများ ပြုလုပ်လျက်ရှိပြီး   ယင်းကဲ့သို့  အဆင့်မြှင့်တင်ရာတွင်   တံတားပေါ်၌  ခေါင်မိုး များ တပ်ဆင်ခြင်း၊ တံတားပတ်ပတ်လည်တွင် ပန်းခြံများ၊ တံတားချဉ်းကပ်နေရာတွင် ပြည်သူများ အပန်းဖြေ အနားယူနိုင်ရန်   ထိုင်ခုံများ ပါရှိကြောင်း၊ ထို့ပြင် မသန်စွမ်းသူများနှင့် သက်ကြီးပိုင်းများ အသုံးပြုရန်  ဓာတ်လှေကား တစ်စင်းနှင့် စက်လှေကား တစ်စင်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ  သိမ်ကြီးဈေး  လူကူးခုံးကျော် တံတားသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၃ဝ   ခန့်ရှိနေပြီ ဖြစ်သည်။   ရန်ကုန်မြို့၌ လူကူးခုံးကျော်တံတား ၂၁ ခုရှိပြီး ယင်းလူကူးခုံးကျော် တံတားများအနက် ခြောက်ခုမှာ စက်လှေကားများ တပ်ဆင်ထားကြောင်း သိရသည်။                    

ကျော်ကို

Read 39 times Last modified on Thursday, 27 February 2020 08:23