SJ WorldNews - шаблон joomla Авто

တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ကျောင်းသား ကျောင်းသူများ သွားလာမှု အဆင်ပြေစေရန် ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များ၌ ကြိုတင်စီစဉ်မှုများ ဆောင်ရွက်

Friday, 28 February 2020 10:00 font size decrease font size decrease font size increase font size increase font size

ယခုနှစ် မတ်လတွင် ကျင်းပမည့်  တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ သွားလာမှုအဆင်ပြေစေရန် ပန်းဆိုးတန်း-ဒလ  ကူးတို့ရေယာဉ်များ၌   ကြိုတင်စီစဉ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း   ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
““ဖေဖော်ဝါရီ   ၁၈  ရက်က  မြူတွေပိတ်နေလို့   ရေယာဉ်တွေကို နံနက်ပိုင်း သွားလာခွင့်မပေးဘဲ  ယာယီနားထားရတယ်။ ရေယာဉ်တွေ သွားလာခွင့်ပြုတဲ့အခါ တန်းစီနေကြတဲ့ ခရီးသည်တွေ တော်တော်များတယ်။  ဒါကြောင့်   စာမေးပွဲကာလမှာ အဲဒီလိုအခြေအနေမျိုး ကြုံလာရင် စာမေးပွဲဖြေမယ့် ကျောင်းသား၊ ကျောင်းသူတွေနဲ့   ဆရာ၊ ဆရာမတွေကို ဦးစားပေးပြီး ပို့ဆောင်ပေးနိုင်ဖို့ စီစဉ်နေပါတယ်။   လက်ရှိမှာ ဗောတံတား အတက်အဆင်းတွေ၊ သင်္ဘောပေါ်ကို အတက်အဆင်းတွေမှာ ဂရုစိုက်ဖို့ ဆိပ်ကမ်းဝန်ထမ်းတွေနဲ့ ကူးတို့သင်္ဘောမှာ တာဝန်ကျတဲ့ ၀န်ထမ်းတွေက သတိပေးနှိုးဆော်ရင်း   စောင့်ကြည့်ပေးဖို့ကိုလည်း လုပ်ဆောင်နေပါတယ်။   ကျောင်းသား၊   ကျောင်းသူတွေနဲ့   ဆရာ၊  ဆရာမတွေကိုတော့ တန်းစီစောင့်ဆိုင်းနေရလို့  အချိန်လေလွင့်သွားတာမျိုး မဖြစ်ရအောင် ဦးစားပေးအနေနဲ့  စီစဉ်ပေးမှာဖြစ်ပါတယ်”” ဟု ၎င်းကပြောသည်။
ရန်ကုန်မြစ်အတွင်း  ပန်းဆိုးတန်း-ဒလ မြစ်ကူးခရီးစဉ်ကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအောက်ရှိ   ချယ်ရီအမှတ် (၁)၊ အမှတ်(၂)နှင့် အမှတ်(၃)  ရေယာဉ်သုံးစင်းအနက် တစ်စင်း အလှည့်ကျနားကာ  နှစ်စင်းဖြင့် နံနက် ၅ နာရီမှ ည ၉ နာရီကျော်အထိ  ခရီးသည်တစ်ဦးလျှင် လက်မှတ်ခ ငွေကျပ် ၁၀၀ နှုန်းဖြင့် အသွားအပြန်   ပို့ဆောင်ပေးနေကြောင်း   သိရသည်။
Read 84 times Last modified on Friday, 28 February 2020 10:01