SJ WorldNews - шаблон joomla Авто

ချမ်းမြရွှေပြည်(ကျွဲဆည်ကန်) ကားကြီးဝင်းကို နိုင်ငံတကာ အဆင့်မီ Bus Terminal အဖြစ် အဆင့်မြှင့်တင်

Thursday, 05 March 2020 10:46 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ  ချမ်းမြရွှေပြည်(ကျွဲဆည်ကန်) ကားကြီးဝင်းကို နိုင်ငံတကာအဆင့်မီ Bus Terminalအဖြစ်  နှစ်နှစ်အတွင်း  အပြီး တည်ဆောက်မည်ဖြစ်ကြောင်း   စီမံကိန်း လုပ်ကိုင်ခွင့်ရ M Development ဒုတိယဥက္ကဋ္ဌ  ဦးသောင်းထိုက်မင်း ၏ပြောဆိုချက်အရ သိရသည်။
စီမံကိန်း လုပ်ငန်းများ စတင်ရန် လက်ရှိ ကျွဲဆည်ကန် ကားကြီးဝင်းမှ ကားဂိတ်များကို ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အ၀ိုင်း အနီးရှိ ယာယီကားကြီးဝင်းသို့  မတ်လပထမပတ်အတွင်း နောက်ဆုံးထား ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။
M Development သည် ကျွဲဆည်ကန် ကားကြီးဝင်းကို နိုင်ငံတကာ အဆင့်မီ ခေတ်မီကားကြီးဝင်းအဖြစ် ပြည်ပကုမ္ပဏီနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံရန်  ၂၀၁၅ ခုနှစ်က တင်ဒါအောင်မြင်ခဲ့သည့် တည်ဆောက်ရေး ကုမ္ပဏီဖြစ် သည်။   တင်ဒါအောင်မြင်ခဲ့သည့် အတွက် ပရီမီယံကြေးအဖြစ် ငွေကျပ် နှစ်ဘီလီယံ ပေးသွင်းခဲ့ရပြီး  မြေငှားရမ်း အသုံးပြုခအဖြစ် တစ်နှစ်လျှင် ငွေကျပ် သိန်း ၃၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်း တစ်ခုလုံးအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၃ သန်းခန့် ရှိကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် M Deve-lopment သည်  ကားဂိတ်ပေါင်း ၂၁၃ ဂိတ်နှင့် ဈေးဆိုင်ခန်းပေါင်း ၁၀၀ ကျော်တို့ကို   နေရာပြန်လည်ချထားပေးရန်နှင့် တခြားလိုအပ်သော ဂိုဒေါင်တို့အား စီမံပေးရန် သဘောတူထားပြီး ယာဉ်အစီးရေ ၆၄ စီးခန့် တစ်ပြိုင်တည်း ထွက်ခွာနိုင်ရန်၊ ခရီးသည်များ  လုံခြုံသက်သာမှု ရရှိစေရန်နှင့် အနာဂတ်ကာလတွင် ဖြစ်လာနိုင်သည့် ယာဉ်အရွယ်အစားနှင့် နှစ်ထပ်ယာဉ်များအထိ အသုံးပြုနိုင်ရန်   နိုင်ငံတကာ အဆင့်မီ   စီမံမှုများပြုလုပ်ပေးမည့် ဒီဇိုင်းပုံစံကို  မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အကြိမ်များစွာ ညှိနှိုင်းဆွေးနွေးခဲ့ရပြီး နာမည်ကြီး စင်ကာပူ ဒီဇိုင်းကုမ္ပဏီ  SJ က ရေးဆွဲသော ဒီဇိုင်းပုံစံကို မြို့တော် စည်ပင်သာယာရေး ကော်မတီက သဘောတူထားပြီးဖြစ်ကြောင်း   သိရသည်။
Read 130 times Last modified on Thursday, 05 March 2020 10:47