SJ WorldNews - шаблон joomla Авто

ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာတိုက်ခန်းများ ပွင့်လင်းမြင်သာစွာ မဲနှိုက်ရွေးချယ် ရောင်းချပေးမည်

Friday, 06 March 2020 14:04 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော်  ဆောင်ရွက်ပြီးစီးသည့် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ အာစီလေးခန်းတွဲ ခြောက်ထပ် အဆောက်အအုံ အိမ်ခန်းတစ်ခန်းလျှင် ၆၆၁ စတုရန်းပေရှိ အခန်းပေါင်း ၅၇၄ ခန်းတို့ကို  မန္တလေးခြောက်မြို့နယ် အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် ပြည်သူများအားရောင်းချရန် ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ  ၇ ရက်အထိ အိမ်ခန်းလျှောက်လွှာများ ရောင်းချပေးခဲ့ပြီး  ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၈ ရက်အထိ  ပြန်လည် လက်ခံခဲ့ကြောင်း သိရသည်။  

လျှောက်လွှာ တင်သွင်းထားသူများကို မတ် ၆ ရက်မှ ၉ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးဝင်းရှိ ဓမ္မာရုံ၌ QR Coad ပါဝင်သော မဲလက်မှတ် နံပါတ်များ ထုတ်ပေးမည်။

မတ် ၁ဝ ရက်နံနက် ၉ နာရီတွင် မန္တလေးမြို့တော်ခန်းမ၌ ပွင့်လင်းမြင်သာစွာ မဲနှိုက်ရွေးချယ်ရောင်းချပေးမည် ဖြစ်ပြီး တိုက်ခန်းမဲပေါက်သူများအနေဖြင့် တိုက်ခန်းဖိုးအာမခံ စပေါ်ငွေကျပ်သိန်း ၂ဝ ကို မတ် ၁ဝ ရက်မှ ဧပြီ ၂ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီရုံး ဆင်ဝင်အောက်၌ ဖွင့်လှစ်ထားသော ရတနာပုံဘဏ်ကောင်တာတွင် ပေးသွင်းရမည်ဖြစ်ကာ ဧပြီ ၃ ရက်နံနက် ၉ နာရီတွင်  မြို့တော်ခန်းမ၌ တိုက်ခန်း နံပါတ်များ ကိုယ်တိုင်မဲနှိုက်ရွေးချယ်ရမည် ဖြစ်ကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)

Read 50 times Last modified on Friday, 06 March 2020 14:06