SJ WorldNews - шаблон joomla Авто

ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ဆိုင်များ ရှိသည့် အခြေခံပညာ ကျောင်းများအား ဂုဏ်ပြုပွဲကျင်းပ

Friday, 06 March 2020 14:06 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ    စည်ပင်သာယာနယ်နိမိတ်အတွင်း   ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ဆိုင်များ ရှိသည့် အခြေခံပညာကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို    ရန်ကုန်မြို့   မြို့တော်ခန်းမ၌ မတ် ၄ ရက်က ကျင်းပသည်။

''အစားအသောက်ရောင်းတဲ့ဆိုင် ၁ဝ ဆိုင်ကျော်ရှိရပါမယ်။   စာရေးကိရိယာနဲ့ တခြားအလှအပပစ္စည်းတွေ မပါဘဲ ၁ဝ ဆိုင် ထက်ကျော်တဲ့ဆိုင်မျိုးကို စည်းကမ်းတွေနဲ့ညီ၊မညီ စစ်ဆေးပညာပေးပါတယ်။ စစ်ဆေးတဲ့အခါ ကျောင်း ပတ်ဝန်းကျင် မုန့်ဈေးတန်း အနေအထား၊  အမှိုက်စွန့်ပစ်ပုံ၊ အစားအသောက်တွေကို ဖုံးအုပ်ရောင်းချ ပုံ၊   ရောင်းချသူရဲ့တစ်ကိုယ်ရေသန့်ရှင်းရေး၊ ငွေကိုင်သီးခြားထားရှိမှုနဲ့ ဆံပင်ချည်နှောင်ထားရှိမှု စတာတွေကအစ စစ်ဆေး

ပါတယ်'' ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးနှင့်ဈေးများ လုပ်ငန်းတာဝန်ခံအဖွဲ့ ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာသန်းသန်းလွင်က ပြောသည်။

ထိုသို့ဆုချီးမြှင့်ရာတွင်     ဒဂုံမြို့နယ်အမှတ် (၁)   အခြေခံပညာအထက်တန်းကျောင်းက    အဆင့်မြင့်ပထမဆုရရှိပြီး စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းက  အထူးဆုနှင့် အဆင့်မြင့်တတိယဆု ရရှိသည်။

ဆုအမျိုးအစားများအနေဖြင့်    အဆင့်မြင့်  ပထမဆုမှ  အဆင့်မြင့် ဒသမဆုအထိ ၁ဝ ဆု၊ အထူးဆုတစ်ဆု၊ အဆင့်မီဆု ၂၆ ဆု  စုစုပေါင်း ၃၇ ဆုကို  ကျောင်းပေါင်း ၃၆ ကျောင်းအား ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

Read 133 times Last modified on Friday, 06 March 2020 14:07