SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်

Tuesday, 10 March 2020 09:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း   ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင်-

(က)   မကွေးတိုင်းဒေသကြီး   မြို့သစ်မြို့နယ်တွင် နေထိုင်သော အသက်  တစ်နှစ်နှစ်လ အရွယ်ကလေး (ကျား)တစ်ဦးသည် (၆-၃-၂ဝ၂ဝ)ရက်မှစတင်၍ ဖျားခြင်း၊ မှိန်းခြင်း၊ အသက်ရှူသံပုံမှန်မဟုတ်ခြင်း၊ နို့မစို့နိုင်ခြင်း စသည့်လက္ခဏာများခံစားခဲ့ရ သဖြင့် (၈-၃-၂ဝ၂ဝ)ရက်တွင် မကွေးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ အဆိုပါကလေးငယ်အား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ မိခင်နှင့်အတူ မကွေးပြည်သူ့ ဆေးရုံကြီး သီးသန့်ကုသဆောင်တွင် ထားရှိကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။ အဆိုပါ ကလေးငယ်၏ ဖခင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၂၉-၂-၂ဝ၂ဝ)ရက်တွင် ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

(ခ)     မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်တွင် နေထိုင်သော အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် လွန်ခဲ့သော တစ်လခန့်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း စသည့်လက္ခဏာများခံစားခဲ့ရပြီး လွန်ခဲ့သော နှစ်ပတ်ခန့်တွင် ချောင်းဆိုးသွေးပါခြင်း ဝေဒနာခံစား ခဲ့ရသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့လာရောက်ပြသခဲ့ရာ ၄င်းမှာ သံသယ လူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်နှင့် လွန်ခဲ့သော ၁၄ ရက် အတွင်း ခရီးသွားရာဇဝင် မရှိသော်လည်း လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့်  ကန်တော်နဒီဆေးရုံသို့  ညွှန်းပို့ခဲ့သည်။  ၄င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍  သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့  ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

(ဂ)     ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ညောင်သုံးပင်ရွာတွင် နေထိုင်သော အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၈-၃-၂ဝ၂ဝ)ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အသက်ရှူကျပ်ခြင်း စသည့်လက္ခဏာများ စတင်ခံစားခဲ့ရသဖြင့်(၈-၃-၂ဝ၂ဝ)ရက်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ လာရောက်ပြသခဲ့သည်။ လူနာမှာ ရောဂါကူးစက် ဖြစ်ပွားလျက်ရှိသော ဒေသများသို့ ခရီးသွားရာဇဝင်နှင့် သံသယ လူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိသော်လည်း လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် (၈-၃-၂ဝ၂ဝ)ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှု ပေးလျက်ရှိပြီး ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ရာ (၉-၃-

၂ဝ၂ဝ)ရက်တွင် ရရှိသောအဖြေအရ  COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရသည်။

(ဃ)   ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင်နေထိုင်သော အသက် ၃၄ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးသည် (၉-၃-၂ဝ၂ဝ) ရက်တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၈-၃-၂ဝ၂ဝ)ရက်မှစတင်၍ ဖျားနာခဲ့ကြောင်းနှင့် (၉-၃-၂ဝ၂ဝ)ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ချိန်တွင်  အဖျားရှိကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသဖြင့် ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ ညွှန်းပို့ခဲ့သည်။ အဆိုပါ လူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှု ပေးလျက်ရှိပြီး  (၉-၃-၂ဝ၂ဝ)ရက်တွင် ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ် ဆောင်ရွက် လျက်ရှိသည်။

(င)     ပဲခူးတိုင်းဒေသကြီး  ကျောက်တံခါးမြို့နယ်တွင် နေထိုင်သော အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦးသည် လွန်ခဲ့သော သုံးပတ်ခန့်ကစတင်၍  ဖျားခြင်း၊ ချောင်းဆိုးခြင်း  စသည့် လက္ခဏာများ ခံစားခဲ့ရသဖြင့် (၈-၃-၂ဝ၂ဝ)ရက်တွင် ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ အဆိုပါ လူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှု ပေးလျက်ရှိပြီး (၉-၃-၂ဝ၂ဝ)ရက်တွင် ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန်  စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ၄င်း၌ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရကြောင်းနှင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ (၂၆-၂-၂ဝ၂ဝ)ရက်တွင် ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

(စ)     မကွေးတိုင်းဒေသကြီး    ပေါက်မြို့နယ်တွင်နေထိုင်သော အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦး သည် (၈-၃-၂ဝ၂ဝ) ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း စသည့် လက္ခဏာများ ခံစားခဲ့ရသဖြင့် (၈-၃-၂ဝ၂ဝ)ရက်တွင် ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ  အဆိုပါ လူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍  ပခုက္ကူပြည်သူ့ဆေးရုံကြီး သီးသန့်ကုသဆောင်တွင် ထားရှိကုသမှု ပေးလျက်ရှိပြီး (၉-၃-၂ဝ၂ဝ) ရက်တွင် ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ၄င်း၌ ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။ အဆိုပါ လူနာသည် ထိုင်း-မလေးရှား နယ်စပ်တွင် အလုပ်လုပ်ကိုင် လျက်ရှိပြီး (၈-၃-၂ဝ၂ဝ)ရက်၌ မြဝတီနယ်စပ်မှ ပခုက္ကူသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

(ဆ)   ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ်တွင် နေထိုင်သော အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၄-၃-၂ဝ၂ဝ) ရက်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထွက်ခွာလာပြီး (၈-၃-၂ဝ၂ဝ)ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် (၉-၃-၂ဝ၂ဝ)ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့သို့ လည်းကောင်း ရောက်ရှိခဲ့ပြီး ဖျားနာခဲ့သဖြင့် ပင်းတယမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ကုသမှုပေးလျက်ရှိပြီး  ဓာတ်ခွဲနမူနာရယူ၍  အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။  ၄င်း၌  ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ ယနေ့ညနေ ပိုင်းတွင် ပေးပို့လာသော ဓာတ်ခွဲအဖြေများအရ-

(က)   ဝေဘာဂီအထူးကု ဆေးရုံတွင် စောင့်ကြည့်ကုသမှု ခံယူနေသော ရန်ကုန်တိုင်းဒေသကြီး  လသာမြို့နယ်တွင် နေထိုင်နေသည့် အမေရိကန်နိုင်ငံသား  အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး၊

(ခ)     ဘားအံမြို့နယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသော ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ပညာသင်ကြားနေသည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊

(ဂ)     ကန်တော်နဒီဆေးရုံတွင်  စောင့်ကြည့်ကုသမှု ခံယူနေသော အသက် ၂၅ နှစ်အရွယ် လက်ထောက် ဆရာဝန်အမျိုးသားတစ်ဦး၊

(ဃ)   အင်းစိန်အထွေထွေရောဂါကု ဆေးရုံကြီးတွင် စောင့်ကြည့်ကုသမှု ခံယူနေသော ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊

(င)     ဝေဘာဂီအထူးကု ဆေးရုံတွင် စောင့်ကြည့်ကုသမှု ခံယူနေသော ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် နေထိုင်သည့် ကိုရီးယားသမ္မတနိုင်ငံသား အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦး၊

(စ)     ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်ကုသမှု ခံယူနေသော မန္တလေးတိုင်းဒေသကြီး  အမရပူရ မြို့နယ်တွင် နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့်

(ဆ)   ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်ကုသမှု ခံယူနေသော ထန်းတပင်မြို့နယ် ညောင်သုံးပင်ရွာတွင် နေထိုင်သည့်   အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်းခုနစ်ဦး တို့တွင်  COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရသည်။

ယနေ့ (၉-၃-၂ဝ၂ဝ) ရက် ည ၆ နာရီအချိန်အထိ လူနာ ၁၁ ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှု ပေးလျက်ရှိသည်။

          (၈-၃-၂ဝ၂ဝ) ရက် ညပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသော လေယာဉ်တစ်စင်းပေါ်တွင် COVID-19 ရောဂါဖြစ်ပွားမှု များပြားနေသော ကိုရီးယား သမ္မတနိုင်ငံ  ဒယ်ဂူးမြို့မှ  မြန်မာနိုင်ငံသားနှစ်ဦး လိုက်ပါလာကြောင်း လေယာဉ်မှူးကြီးမှ သတင်းပေးပို့လာသည်။ ၄င်းတို့တွင် ဖျားခြင်းနှင့်အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ လက္ခဏာများ မတွေ့ရှိရသည့်အပြင်  COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့မှု မရှိကြောင်း သိရှိရသည်။ သို့ရာတွင် ရောဂါဖြစ်ပွားမှု မြင့်မား လျက်ရှိသော  ကိုရီးယားသမ္မတနိုင်ငံ  ဒယ်ဂူးမြို့တွင် နေထိုင်ခဲ့သည့် ရာဇဝင်ရှိသဖြင့် အဆိုပါ မြန်မာနိုင်ငံသား နှစ်ဦးအား တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပြီး ၁၄ ရက် ခွဲခြားထားရှိ၍ အသွားအလာ ကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိသည်။

          (၉-၃-၂ဝ၂ဝ)ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိ သေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ ၁ဝ၁ နိုင်ငံတွင် COVID-19 ရောဂါကူးစက် ဖြစ်ပွားလျက် ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  ရောဂါ ကာကွယ်ရေးဆိုင်ရာ  ကျန်းမာရေး အသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ကြောင်း  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက  သတင်းထုတ်ပြန်ထားသည်။ 

Read 50 times Last modified on Tuesday, 10 March 2020 09:26