SJ WorldNews - шаблон joomla Авто

ဒလတံတားစီမံကိန်းကြောင့် ကမ်းနားလမ်း ညဈေးတန်းမှ ဈေးဆိုင်တချို့နေရာ ရွှေ့ပြောင်းရမည်

Tuesday, 10 March 2020 09:26 font size decrease font size decrease font size increase font size increase font size

ရန်ကုန်-ဒလမြစ်ကူး တံတားစီမံကိန်းကြောင့် ရန်ကုန်ဘက်ကမ်း ကမ်းနားလမ်း ညဈေးတန်း၌ရှိသော ဈေးဆိုင်တချို့ကို ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များထံမှ သိရသည်။

ကမ်းနားလမ်း ညဈေးတန်းရှိ ဈေးဆိုင်များအနက် လသာမြို့နယ် (၂၃) လမ်းထိပ်အနီးမှစ၍ လမ်းမတော်မြို့နယ် မော်တင်၊   ဝါးတန်းလမ်းထိပ်အထိ တောက်လျှောက်ရှိနေသော ဈေးဆိုင်များ ရွှေ့ပြောင်း ဖွင့်လှစ်ရမည် ဖြစ်သည်။ ရွှေ့ပြောင်းမှုကို မတ်လကုန်ပိုင်းတွင် လုပ်ဆောင်ရန်လျာထားပြီး ယခုအခါ ယာယီရွှေ့ပြောင်းမည့် နေရာ၌ ဆိုင်ခန်းနေရာ  ပြန်လည်ချထားမှုများအတွက် လုပ်ဆောင်နေကြောင်း သိရသည်။

''လောလောဆယ်တော့ ဆိုင်ခန်းတွေကို နေရာပြန်လည် ချထားပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ဒီဘက်ခြမ်းကို ပြောင်းရွှေ့ရမယ့်ဆိုင်တွေက အရင်ကတည်းက ဖွင့်ထားတဲ့ဆိုင်တွေ ဖြစ်ပေမယ့် တံတားစီမံကိန်း လုပ်ငန်းခွင်နဲ့ မလွတ်ကင်းတဲ့အတွက် ယာယီရွှေ့ပြောင်းတာကို စနစ်တကျလုပ်ဆောင်ဖို့ စီစဉ်နေတာပါ''ဟု လမ်းမတော်မြို့နယ်   စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ယာယီရွှေ့ပြောင်း နေရာချထားမှု လုပ်ဆောင်ရန် မတ် ၆ ရက်က ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြသည်။

ကမ်းနားလမ်း ညဈေးတန်း၌ ရွှေတိဂုံဘုရားလမ်းမှ  ပန်းဆိုးတန်းလမ်းအထိ   ကမ်းနားလမ်းတစ်လျှောက် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်လျက်ရှိသည်။ ညောင်ပင်လေးဈေးရှေ့တစ်ဝိုက်မှ   မော်တင်၊ ကီလီလမ်းထိပ် အထိ နေရာများ၌  ကမ်းနားလမ်း ညဈေးတန်း စတင်ဖွင့်လှစ်စဉ် ကတည်းက ရောင်းချနေသော အရောင်းဆိုင်များလည်း ရှိသကဲ့သို့ မော်တင်ထိပ်၌  YBS 21 ယာဉ်လိုင်းဂိတ်လည်း ရှိကြောင်း သိရသည်။         

ထက်ခိုင်(စမ်းချောင်း)

Read 334 times Last modified on Tuesday, 10 March 2020 09:27