SJ WorldNews - шаблон joomla Авто

ရေသယံဇာတများ ထိခိုက်စေမည့် ငါးဖမ်းဆီးခြင်းစနစ်ကို လေ့လာထိန်းချုပ်သင့်

Friday, 13 March 2020 08:49 font size decrease font size decrease font size increase font size increase font size

မြန်မာ့ရေပိုင်နက်အတွင်း   နည်းလမ်း အမျိုးမျိုးဖြင့် ဖမ်းယူနေသောငါးဖမ်းနည်း စနစ်များအနက် တချို့မှာ ရေသယံ ဇာတများကို ထိခိုက်နိုင်သောကြောင့် မည်သည့် ငါးဖမ်းနည်းစနစ်က ရေသယံဇာတများအား ပိုမိုထိခိုက် စေနိုင်သည်ကို လေ့လာ၍ ထိန်းချုပ်သင့်ကြောင်း     မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်  အထွေထွေအတွင်း ရေးမှူး ဦးဝင်းကြိုင်၏ ပြောကြားချက်အရ သိရသည်။

''ဘယ်ဒေသတွေမှာ ဘယ်လိုနည်းတွေနဲ့ ငါးဖမ်းနေတယ်ဆိုတာကို ပြန်လည် သုံးသပ်ဖို့ လိုပါတယ်။   ဒီနည်းလမ်းတွေက သယံဇာတထိန်းသိမ်းရေး လုပ်ငန်းတွေကို အထောက်အကူပြုရဲ့လား၊ ဒီနည်းစနစ်တွေက  ဆက်ရှိသင့်လား၊  မရှိသင့်ဘူးလား၊ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ   လုပ်သင့်တယ် ဆိုတာကို  တင်ပြထားတယ်''  ဟု ဦးဝင်းကြိုင်က ပြောသည်။

မြန်မာ့ရေပိုင်နက်အတွင်း တိုင်းဒေသ ကြီးနှင့်ပြည်နယ် အသီးသီးမှ ငါးသယံဇာတ ဖမ်းဆီးရေး လုပ်ငန်းများကို ဒေသအလိုက် မတူကွဲပြားသည့် ဖမ်းဆီးမှုများဖြင့်   ပြုလုပ်လျက်ရှိရာ  တချို့ဒေသများ၌  မိရိုးဖလာ ဖမ်းဆီးနည်းအတိုင်း လုပ်ကိုင်နေကြသည်ကို တွေ့ရှိရသည်။

ပုံမှန်အားဖြင့် ကျားဖောင်လုပ်ငန်းများတွင် တွေ့ကြုံရသော ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနှင့် သဘာဝဘေး အန္တရာယ်များသည်လည်း ရေလုပ်ငန်းများအပေါ် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်စေသည်။

ကျားဖောင်လုပ်ငန်းများသည် သဘာဝသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် အထောက်အကူပြုမှု ရှိ၊ မရှိ၊ လုပ်ငန်းလုပ်ကိုင်သည့် ရာသီတွင် ဖမ်းဆီးရရှိသည့် ငါးအမျိုးအစားများမှာ သဘာဝရေသယံဇာတ များအပေါ်  အဟန့်အတား ဖြစ်စေနိုင်ခြင်း ရှိ၊ မရှိ သုံးသပ်ဆွေးနွေးရန်လိုအပ်ကြောင်း သိရသည်။           

ဆုလာဘ်

Read 28 times Last modified on Friday, 13 March 2020 08:50