SJ WorldNews - шаблон joomla Авто

COVID-19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က သတ်မှတ်ကြေညာ

Friday, 13 March 2020 08:50 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်   ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူ

လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း  ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် (၁၁-၃-၂ဝ၂ဝ)ရက် ည ၆ နာရီမှ (၁၂-၃-၂ဝ၂ဝ)ရက် ည ၆ နာရီအထိ စောင့်ကြည့်လူနာသစ် ၁၄ ဦးအား တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ ဆေးရုံများတွင် သီးခြားထားရှိ ဆေးကုသမှု ပေးလျက်ရှိသည်။ ၄င်းတို့ထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်သည်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)တွင် ဓာတ်ခွဲစစ်ဆေးချက်များအရ (၁၁-၃-၂ဝ၂ဝ)ရက် ည ၆ နာရီမှ (၁၂-၃-၂ဝ၂ဝ) ရက် ည ၆ နာရီအထိ သက်ဆိုင်ရာဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသော လူနာများအနက် လူနာလေးဦး၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019(COVID-19) ဗိုင်းရပ်ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရသည်။

ဆေးရုံများတွင် ထားရှိ၍ အသွားအလာကန့်သတ်မှု(Hospital Quarantine) ပြုလုပ်ထားသော တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ မြန်မာနိုင်ငံသား ရှစ်ဦးနှင့် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ရွှေပန်းတောတိုက်နယ် ဆေးရုံမှ မြန်မာနိုင်ငံသားတစ်ဦး စုစုပေါင်းကိုးဦးတို့၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019(COVID-19) ဗိုင်းရပ်ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရသည်။

ယနေ့ (၁၂-၃-၂ဝ၂ဝ)ရက် ည ၆ နာရီအထိ လူနာ ၁၆ ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှု ပေးလျက်ရှိသည်။

(၁၂-၃-၂ဝ၂ဝ)ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့အပါအဝင် ကမ္ဘာ့နိုင်ငံ ၁၁၄ နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါ (Pendemi) အဖြစ် သတ်မှတ်ကြေညာခဲ့သဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်သည်။

ကမ္ဘာ့နိုင်ငံများ၏ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၁၁-၃-၂ဝ၂ဝ) ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားနေသည့် နိုင်ငံစုစုပေါင်း ၁၁၄ နိုင်ငံ၌ ကမ္ဘာ့နိုင်ငံများတွင် ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၁၁၈၃၂၆ ဦး၊ ကမ္ဘာ့နိုင်ငံများတွင် သေဆုံးသူ စုစုပေါင်း ၄၂၉၂ ဦးရှိပြီး ကမ္ဘာပေါ်တွင် သေဆုံးမှုရာခိုင်နှုန်း ၃ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့် COVID-19 ရောဂါဖြစ်ပွားမှုအား (၃ဝ-၁-၂ဝ၂ဝ)ရက်တွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency Concern) အဖြစ်လည်းကောင်း၊ (၂၇-၂-၂ဝ၂ဝ) ရက်တွင် ရောဂါကူးစက် ပျံ့နှံ့နိုင်မှုနှုန်းအား တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် အလွန်မြင့်မားကြောင်း (Very High) အဖြစ် လည်းကောင်း၊ (၁၁-၃-၂ဝ၂ဝ)ရက်တွင် ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ်လည်းကောင်း သတ်မှတ်ခဲ့သည်။

ကမ္ဘာပေါ်တွင် ဖြစ်ပွား/သေဆုံးမှုများသော နိုင်ငံများမှာ-

     

ကမ္ဘာ့ဒေသအသီးသီးတွင် ရောဂါကူးစက်ဖြစ်ပွားသော နိုင်ငံများ ဆက်တိုက်များပြား လာခဲ့ကြောင်းနှင့်  နိုင်ငံပြင်ပမှ ရောဂါကူးစက်မှု (Imported Case) များသာမက နိုင်ငံတွင်း၌ပါ ရောဂါကူးစက်မှု (Local transmission) များရှိလာကြောင်း တွေ့ရှိရသည်။  တရုတ်ပြည်သူ့သမ္မတ နိုင်ငံပြင်ပတွင် နိုင်ငံတွင်းကူးစက်မှု ဖြစ်ပွားသောနိုင်ငံ ၆၆ နိုင်ငံဖြစ်သည်။

          ကိုရီးယားသမ္မတနိုင်ငံ၊ အီတလီနိုင်ငံနှင့် အီရန်နိုင်ငံတို့၏ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံပြင်ပ အခြားနိုင်ငံများတွင် ရောဂါဖြစ်ပွားမှု အားလုံး၏ ၇ဝ ဒသမ ၇၄ ရာခိုင်နှုန်းခန့် နှင့် သေဆုံးမှုအားလုံး၏ ၈၇ ဒသမ ၄ ရာခိုင်နှုန်းခန့်ရှိသည်။

          ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ လွန်ခဲ့သော နှစ်ပတ်အတွင်း၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း ကျဆင်းလာသော်လည်း အခြားကမ္ဘာ့နိုင်ငံများတွင် ရောဂါကူးစက်သူဦးရေ  ၁၃ ဆများပြား လာခဲ့ပြီး  ရောဂါကူးစက် ဖြစ်ပွားသည့်နိုင်ငံ အရေအတွက်မှာလည်း သုံးဆများပြား လာခဲ့ကြောင်း သိရှိရသည်။

          လက်ရှိအချိန်၌ ကမ္ဘာပေါ်တွင် COVID-19 ရောဂါအတည်ပြု လူနာမတွေ့ရှိ ရသေးသော ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ စုစုပေါင်း ၈ဝ နိုင်ငံရှိပြီး ထိုနိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံ၏  COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေ (၁၂-၃-၂ဝ၂ဝ) ရက် ညနေ ၄ နာရီထိ

တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ဆေးရုံများတွင် (၃၁-၁-၂ဝ၂ဝ)ရက်မှ (၁၂-၃-၂ဝ၂ဝ)ရက်အထိ စောင့်ကြည့်လူနာ တွေ့ရှိရမှု အခြေအနေများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၂ ဦး၊ ရှမ်းပြည်နယ်တွင် ၁၉ ဦး၊ မန္တလေးတိုင်း ဒေသကြီးတွင် ၁၅ ဦးနှင့် အခြားတိုင်းဒေသ ကြီး/ပြည်နယ်များတွင် ၂၆ ဦး စုစုပေါင်း ၁ဝ၂ ဦးတို့ ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Read 53 times Last modified on Friday, 13 March 2020 08:52