SJ WorldNews - шаблон joomla Авто

ရန်ကုန်ဘူတာကြီး၌ COVID-19 ရောဂါကူးစက်မှုကြိုတင်ကာကွယ်နိုင်ရေး ကျန်းမာရေး အသိပညာပေး

Saturday, 21 March 2020 09:52 font size decrease font size decrease font size increase font size increase font size

Covid-19 ရောဂါ  ကူးစက်မှု  ကြိုတင်ကာကွယ်နိုင်ရေးနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီး ဌာန မြန်မာ့မီးရထားမှ  ရထားစီးခရီးသွား များအား ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ရန်ကုန်ဘူတာကြီး၌ ဆောင် ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထားတိုင်း အမှတ် (၇) ပို့ဆောင်ရေးမှ သိရသည်။

''ပညာပေးအနေနဲ့ ရန်ကုန်ဘူတာကြီး မှာ လက်ကမ်းစာစောင်တွေဝေတယ်။ ခရီး သွားတွေ   ရထားစောင့်နေတဲ့အချိန်မှာ ဘယ်လိုနေသင့်တယ်ဆိုတာကို  အသံချဲ့ စက်တွေနဲ့ ကြေညာပေး တာတွေ လုပ်တယ်။ ဘေစင်တွေမှာ လက်ဆေးဆပ်ပြာတွေနဲ့ လက်သန့်ဆေးတွေထားပေးတယ်။ အပူချိန် တိုင်းတဲ့  သာမိုမီတာနဲ့လည်း ခရီးသည် အဝင်အထွက်နေရာတွေမှာ အပူချိန်တိုင်း တာတွေလုပ်ဆောင်နေပါတယ်'' ဟု မြန်မာ့ မီးရထား တိုင်းအမှတ် (၇) ပို့ဆောင်ရေး လက်ထောက်မန်နေဂျာ ဦးကျော်မျိုးလွင် ကပြောသည်။

ရန်ကုန်ဘူတာကြီးမှ ရန်ကုန်မြို့ပတ် ခရီးစဉ်အပြင် မြန်မာနိုင်ငံအနှံ့သို့ ပြေးဆွဲ ပေးနေသည့်အတွက် ခရီးသွားများအား ကျန်းမာရေးအသိပညာပေးစာစောင်များ ဝေငှခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ဘေစင် များတွင် လက်ဆေးဆပ်ပြာနှင့် လက်သန့် ဆေးရည်များထားရှိပေးခြင်းတို့ကို ဆောင် ရွက်ရခြင်းဖြစ်သည်။

''ရန်ကုန်ဘူတာကြီးမှာ စတင်လုပ်ဆောင် နေပါတယ်။ ကျန်းမာရေးဌာနနဲ့ပူးပေါင်း ပြီး  သတ်မှတ်ချက်တွေ၊   လိုက်နာရမယ့် ကျင့်ဝတ်တွေပါဝင်တဲ့ လက်ကမ်းစာစောင် တွေကို ရသလောက်ဝေပေးနေပါတယ်။ ဘူတာအသေးလေးတွေမှာ  ဝေလောက် အောင်တော့မရသေးဘူး။ ခရီးသည်များ တဲ့ဘူတာတွေမှာပဲ ဝေနိုင်မှာပါ။ ဘူတာ ကြီးကတော့ မြို့ပတ်ခရီးသည်ရော၊ ခရီး ဝေးသွားတဲ့သူရော စုဝေးတဲ့နေရာဖြစ်လို့ ဦးစားပေးလုပ်ဆောင်နေတာပါ'' ဟု ဦးကျော် မျိုးလွင်ကပြောသည်။

Covid-19 ရောဂါကူးစက်မှုကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)  က သတ်မှတ် ထားသည့် အတွက်   မြန်မာနိုင်ငံ၌ ရောဂါပိုးကူးစက် ခံရသူမရှိသေးသော်လည်း     ကြိုတင် ကာကွယ်မှုများကို   လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။       

ဆုလာဘ်

Read 38 times