SJ WorldNews - шаблон joomla Авто

ပြည်တွင်း၌ထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းထုတ်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်မည်

Saturday, 21 March 2020 09:55 font size decrease font size decrease font size increase font size increase font size

ပြည်တွင်း၌  ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်း၊ ရောင်းချခြင်းနှင့် လှူဒါန်းရာတွင် အဆင်ပြေလွယ်ကူစေရန်     ပြည်တွင်း၌ ထုတ်လုပ်နေသော  ဆေးနှင့် ဆေးပစ္စည်း ထုတ်ကုန်များ    ပိုမို ဖွံ့ဖြိုး တိုးတက်စေရန်  ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း  ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်၏ ပြောကြားချက်အရ   သိရသည်။

'' ပြည်တွင်းမှာ   ဆေးနဲ့ဆေးပစ္စည်း ထုတ်လုပ်မှုတွေ   ပိုမိုအားကောင်းလာဖို့   အစိုးရအနေနဲ့ အထောက်အပံ့ဖြစ်စေမယ့်   မူဝါဒတစ်ရပ်ရေးဆွဲဖို့   လိုအပ်ပါတယ်။    ပြည်တွင်းဆေးလိုအပ်ချက် ရာခိုင်နှုန်းတစ်ခု ကိုဦးစားပေးတဲ့ Longterm National Procurement Policies ဖြစ်တဲ့ ပြည်တွင်း ဝယ်ယူရေးမူဝါဒကိုလည်းကောင်း၊ တင်ဒါ ခေါ်ယူရာမှာ  Point  System ဖြစ်တဲ့   ရရှိမယ့် Quality Point  အရေအတွက် တွေ အမြန်ပေးသွင်းနိုင်တဲ့ တစ်ရက်တာ အတွက်ရရှိမယ့် Day  Point အရေ အတွက်တွေ အပါအဝင်   ပြည်ပကိုတင်ပို့ မယ့်  ပြည်တွင်းထုတ်ကုန်  Point   အရေ အတွက်တွေကို    ပွိုင့်အဆင့်စနစ်တကျ သတ်မှတ်ခြင်းဖြင့်လည်းကောင်း တခြားနိုင်ငံ တွေနည်းတူ ဆောင်ရွက်မယ်ဆိုရင်  ပြည် တွင်းမှာထုတ်လုပ်နေတဲ့ ဆေးနဲ့ဆေးပစ္စည်း စက်ရုံတွေ  လည်ပတ်မှုပိုမိုအားကောင်း လာမှာပါ'' ဟု ဦးဇော်မိုးခိုင်ကပြောသည်။

မြန်မာနိုင်ငံ၌  ဆေးနှင့်  ဆေးပစ္စည်း ထုတ်လုပ်သည့်အစိုးရစက်ရုံနှင့်  ပုဂ္ဂလိက ပိုင်စက်ရုံ ၁၇ ရုံရှိပြီး ပြည်တွင်း၌သုံးစွဲနေ သည့် ဆေးနှင့်ဆေးပစ္စည်း ၇ဝ ရာခိုင်နှုန်း ခန့်သည်   ပြည်ပမှမှာယူတင်သွင်းနေရ ကြောင်း သိရသည်။

''လက်ရှိ  ပြည်ပက  မှာယူတင်သွင်းတဲ့ Mask    ဆိုရင်  ဝယ်ယူရတဲ့ဈေးကများ တယ်။  ပြည်တွင်းက  မှာယူရာမှာလည်း  တချို့က ကိုယ်တိုင်သုံးစွဲဖို့ မှာယူတင်သွင်း ပြီး တချို့က လှူဒါန်းဖို့ မှာယူကြတာတွေ ရှိပါတယ်။ ပြည်ပကနေ   မှာယူတင်သွင်း တယ်ဆိုပေမယ့် တကယ်တမ်းဝင်ရောက် လာတဲ့ ဆေးပစ္စည်းက ပြည်တွင်းအတွက်  မလုံလောက်သေးဘူး။ ဒါကြောင့်  ပြည်တွင်း မှာ  ဆေးနဲ့ဆေးပစ္စည်းတွေ  ထုတ်လုပ်မှု အားကောင်းလာစေဖို့ တာဝန်ရှိသူတွေနဲ့  ပူးပေါင်းဆောင်ရွက်နေပါတယ်'' ဟု ဦးဇော် မိုးခိုင်ကပြောသည်။                

ဝန်းရံခ

Read 56 times