SJ WorldNews - шаблон joomla Авто

ဟားခါးမြို့သစ်စီမံကိန်းဧရိယာအတွင်း မြေကွက် ၇ဝဝ ကျော်ကို အကွက်ရိုက်ရောင်းချပေးမည်

Saturday, 21 March 2020 09:57 font size decrease font size decrease font size increase font size increase font size

ချင်းပြည်နယ် မြို့တော်ဟားခါးသည် တစ်နှစ်ထက် တစ်နှစ် အိမ်ထောင်စုလူဦးရေများ တိုးပွားလျက်ရှိပြီး သက်ဆိုင်ရာအဖွဲ့အစည်းများဦးဆောင်၍ ဟားခါးမြို့ သစ်စီမံကိန်းကို ဖော်ဆောင်လျက်ရှိကာ မြေ ၃၇၂ ဧက အတွင်း မြေကွက် ၇၁၇ ကွက်ကို အကွက်ရိုက်၍ မကြာမီ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ဟားခါးမြို့သစ်တည်ဆောက်ရေးလုပ်ငန်း  စတင် အကောင်အထည်ဖော်ရာတွင်  စီမံကိန်းမြေဧရိယာ ၆၇၆ ဧကကို ၂ဝ၁၇ခုနှစ်က စတင်အကောင်အထည် ဖော်ဆောင်ခဲ့ရာ  လက်ရှိအချိန်ထိ ၃၇၂ ဧကကို   မြေကွက်များရိုက်၍  ရောင်းချရန်စီစဉ်လျက်ရှိကာ  ကျန်မြေကွက်များဖြစ်  ၃ဝ၄ ဧက  ကိုလည်း ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၏    ဟားခါးမြို့သစ် စီမံကိန်းတွင် အိမ်နေရာများကို  မြေကွက်အနေ အထားအလိုက် အတန်းအစားသုံးပိုင်းခွဲ၍   အိမ် နေရာရောင်းပေးမည်ဖြစ်ရာ  ပေ ၁ဝဝ ပတ်လည်ကို  ငွေကျပ်သိန်း ၅ဝ ဖြင့်လည်းကောင်း၊   ပေ ၈ဝ  ပတ်လည်ကို ငွေကျပ် ၃၅ သိန်းဖြင့်လည်းကောင်း၊  ပေ ၆ဝ x ပေ ၈ဝ ကို ငွေကျပ် ၂၅ သိန်းဖြင့်လည်း ကောင်း၊ ပေ ၄ဝ x ပေ ၆ဝ ကို ငွေကျပ် ၁ဝ သိန်း ဖြင့်လည်းကောင်း အသီးသီးသတ်မှတ်ရောင်းချပေးမည် ဖြစ်သည့်အပြင်  ဟားခါးမြို့သစ်စီမံကိန်းလုပ်ငန်းတွင်  စာသင်ကျောင်း၊ အားကစားကွင်း၊ ဘာသာရေးအဆောက် အအုံ၊ အပန်းဖြေကွင်း၊  ပန်းခြံ၊  လမ်းတံတား၊  သောက်သုံးရေနှင့်    လျှပ်စစ်မီးရရှိရေးကိုလည်း  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

ထယ်လ်ဏ  

Read 54 times