SJ WorldNews - шаблон joomla Авто

အလောင်းတော်ကဿပဘုရားဖူးရာသီအား မတ် ၂၂ ရက်တွင်ပိတ်သိမ်းမည်

Saturday, 21 March 2020 09:59 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး  ကနီမြို့နယ် အတွင်းရှိ အလောင်းတော်ကဿပဘုရား ဖူးရာသီအား မတ် ၂၂ ရက်တွင် ပိတ်သိမ်း မည်ဖြစ်ကြောင်း သိရသည်။

''မတ် ၂၂ ရက်ကို ရင်ပြင်တော်အပါအဝင် လူစုလူဝေးမရှိဖို့ အကုန်လုံးကိုနှင်မှာပါ။ အဲဒီ နေ့ညမှာပဲ အလောင်းတော်ကဿပဘုရားကြီး ရဲ့ကိန်းဝပ်စံပယ်တော်မူတဲ့    စံကျောင်း တော်ကိုပါပိတ်မယ်။ လျောင်းတော်မူရုပ်တု ကိုလည်း သံကွန်ချာ အုပ်မယ်။ တရားဝင် ပိတ်တဲ့အကြောင်းကိုလည်း သက်ဆိုင်ရာ ကို စာတွေ ဖြန့်ဝေတော့မှာဖြစ်ပါတယ်''ဟု  အလောင်းတော် ကဿပဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးထီမောင်က ပြောသည်။

ထို့ပြင် အလောင်းတော်ကဿပဘုရား ဖူးရာသီ ကားလမ်း ပိတ်ပွဲကိုလည်း တစ်ပြိုင် နက်တည်း အခမ်းအနားဖြင့် ပြုလုပ်သွား မည်ဖြစ်သည်။

အလောင်းတော် ကဿပဘုရားဖူးလမ်း ကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ဖွင့်လှစ်ခဲ့ပြီးနောက် ယနေ့အထိ ဘုရားဖူး တစ်သိန်းကျော်ခန့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 (၄ဝ၉)       

Read 49 times