SJ WorldNews - шаблон joomla Авто

မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းမကြီးအဆင့်မြှင့်တင်ဖောက်လုပ်နေမှု ၁၉ ရာခိုင်နှုန်းကျော်ပြီးစီး

Saturday, 21 March 2020 10:00 font size decrease font size decrease font size increase font size increase font size

ကလေးဝမြို့နယ်နှင့်  မုံရွာမြို့နယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့်  ယာကြီး-ကလေးဝ ကားလမ်းမကြီးကို အိန္ဒိယနိုင်ငံ၏ အကူ အညီဖြင့်  အဆင့်မြှင့်တင်ဖောက်လုပ်လျက်ရှိရာ    ယခုအခါလုပ်ငန်းအားလုံး၏ ၁၉ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း  စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ သိရသည်။

ယခုအခါတွင် ယာကြီး-ကလေးဝလမ်းကြောင်း တစ်လျှောက်ရှိ ယာကြီး၊ လာဘို့၊ ကျောက်တန်း၊ မင်းကင်း၊ ကလေးဝစသည်ဖြင့် အပိုင်းလိုက်ခွဲ၍ လုပ်ဆောင်ခဲ့ရာ လမ်းအူကြောင်းရှင်းလင်းခြင်း လုပ်ငန်းမှာ ပြီးစီးပြီဖြစ်ပြီး မြေသားလုပ်ငန်း ဆောင်ရွက်ခြင်း၊Gramular Work (GSB/WMM) လုပ်ငန်းနှင့် ဒုတိယအလွှာခင်းခြင်းလုပ်ငန်း တို့ကိုဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ယာကြီး-ကလေးဝလမ်းပိုင်းသည် မုံရွာမြို့မှ ကလေးမြို့သို့သွားရောက်နိုင်သော လမ်းကြောင်း  သုံးခုရှိသည့်အနက် ခရီးမိုင်အတိုဆုံးလမ်းတစ်ခု ဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့ကို ဆက်သွယ်ထားသော သုံးနိုင်ငံဖြတ်လမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ အိန္ဒိယနိုင်ငံသုံးရူပီး ငွေ ၁၁၇၇ဝ သန်း အကူအညီရယူကာအဆင့်မြှင့် တင်ဖောက်လုပ်ခြင်းဖြစ်ကြောင်း၊ ယခုအဆင့် မြှင့်တင်ဖောက်လုပ်မည့် လမ်းအရှည် ၇၅ မိုင် သည်အတက်အဆင်းမတ်စောက်ခြင်း၊ မိုးရာသီတွင် လမ်းပျက်စီးခြင်းတို့ကြောင့် ခရီးသည်နှင့်ကုန်တင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု ခက်ခဲ သည့်လမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် အခြေခံအလွှာခင်းခြင်း၊ ကတ္တရာကွန်ကရစ်(AC) ပထမအလွှာခင်းခြင်းနှင့် ကတ္တရာကွန်ကရစ် (AC) ဒုတိယအလွှာခင်းခြင်း လုပ်ငန်းတို့ကို စီမံကိန်းကာလအတွင်း ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်းနှင့်  ၄င်းစီမံကိန်းကို  ၂ဝ၁၈ ခုနှစ် မေ ၂၈ ရက်တွင်စတင်ဖောက် လုပ်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၂၁ ခုနှစ် မေလအတွင်း  စီမံကိန်းလုပ်ငန်းများ အားလုံး အပြီး တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။                            

(၆၁၁)

Read 49 times