SJ WorldNews - шаблон joomla Авто

နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းတို့အကြား ဘက်စုံ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး

Saturday, 21 March 2020 11:00 font size decrease font size decrease font size increase font size increase font size

နယ်စပ်ရေးရာဝန်ကြီးဌာန   နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်း တို့ပူးပေါင်း၍  ကရင်ပြည်နယ်နှင့်မွန်ပြည် နယ်တို့တွင်ဆောင်ရွက်မည့် ဘက်စုံဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးဆိုင် ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပသည်။

လက်မှတ်ရေးထိုးပွဲသို့  နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ ဝန်ကြီးဌာနအောက်ရှိဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ

သူများ၊ နိပွန်ဖောင်ဒေးရှင်းမှ  Executive Director ဖြစ်သူ Mr. Yuji Mori နှင့် နိပွန် ဖောင်ဒေးရှင်းမှတာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က အဖွင့်အမှာစကားပြောကြားပြီး နိပွန်ဖောင်ဒေးရှင်းမှ Executive Director  ဖြစ်သူ Mr. Yuji Mori က နားလည်မှု စာချွန်လွှာနှင့်စပ်လျဉ်း၍   ရှင်းလင်းပြော ကြားသည်။ ထို့နောက်  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် နိပွန်ဖောင်ဒေးရှင်းမှ Executive Director ဖြစ်သူ Mr. Yuji Mori တို့က ဘက်စုံဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ   စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို  လက်မှတ်ရေးထိုး ခဲ့ကြပြီး အပြန်အလှန်လဲလှယ်ကြသည်။

ယနေ့လက်မှတ်ရေးထိုးခဲ့သည့် ဘက်စုံ ဒေသဖွံ့ဖြိုးရေးစီမံကိန်းကို မတ် ၂ဝ ရက်မှ စတင်၍ တစ်နှစ်နှင့်နှစ်လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၆၂၂ သန်း ဖြင့် ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လူမှု စီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံ အဆောက်အဦများ၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး ဆိုင်ရာလုပ်ငန်းများ၊ ဆိုလာ မီးလင်းရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်သည်။

အဆိုပါစီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စီမံကိန်း ဧရိယာအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်မှ  ကျေးရွာ ၇၄ ရွာရှိ ဒေသခံပြည်သူလူထုများ အတွက် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေမည့်အကျိုးကျေးဇူးများ ခံစား ရမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)

Read 69 times