SJ WorldNews - шаблон joomla Авто

ထိုင်းနိုင်ငံသို့ ငရုတ်တင်ပို့မှုယာယီ ရပ်ဆိုင်းထားသည့်အတွက် ငရုတ်စိုက်တောင်သူများ အခက်ကြုံ

Sunday, 22 March 2020 11:18 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ စီးပွားရေး

ငရုတ်ဈေးနှုန်းများ ကျဆင်းနေသည့်အတွက် ထိုင်းနိုင်ငံသို့ ငရုတ်တင်ပို့မှုကို မတ် ၂ဝ ရက်က ယာယီရပ်ဆိုင်းထားပြီး ယခုနှစ်တွင် ဈေးနှုန်းနှင့် ဈေးကွက်ရရှိမှု နည်းပါးသည့်အတွက် ငရုတ်စိုက် တောင်သူများ အခက်ကြုံနေရကြောင်း မြန်မာနိုင်ငံ ငရုတ်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးရေး အသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် လများက ထိုင်းနိုင်ငံသို့ မရွေးချယ်ရသေးသည့် ငရုတ်များကို စတင်တင်ပို့ခဲ့ပြီး နောက် ဈေးနှုန်းကျဆင်းသည့်အတွက် တွက်ခြေကိုက်မှုမရှိသဖြင့် တင်ပို့မှုရပ်ဆိုင်းထားရခြင်း ဖြစ်သည်။

''တင်ပို့မှုအခြေအနေကလည်း မကောင်းသလို ငရုတ်ဈေးနှုန်းကလည်း မကောင်းဘူး။ ဈေးမ ကောင်းတော့ ကုန်သည်တွေလည်း နားထားတယ်။ အခုတော့ ထိုင်းနိုင်ငံကို တင်ပို့မှုရပ်နား ထားတယ်။ ဈေးက ဟိုဘက်ရော ဒီဘက်ပါ အတူတူဖြစ်နေတယ်'' ဟု ဒေါ်ဥမ္မာကျော် ကပြောသည်။

ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့်လအတွင်းမှ စတင်ကာ မရွေးချယ်ရသေးသည့် ငရုတ်များတင်ပို့ခဲ့ပြီး နောက် ယခုလအတွင်း ပိုမိုတင်ပို့နိုင်မည်ဟု မျှော်မှန်းထားသော်လည်း ဈေးရရှိမှုနည်းပါးနေ သေးသည့်အတွက် တင်ပို့မှုရပ်ဆိုင်း ထားရခြင်း ဖြစ်သည်။ မတ် ၂၁ ရက်တွင် ပြည်တွင်း၌ မရွေးချယ်ရသေးသည့် ငရုတ်တစ်ပိဿာလျှင် ငွေကျပ် ၆၅ဝ နှင့် ရွေးချယ်ပြီးသား ငရုတ်တစ် ပိဿာလျှင် ငွေကျပ် ၁ဝဝဝ ဝန်းကျင် အထိ ဈေးနှုန်းရှိနေပြီး ထိုင်းနိုင်ငံ၌လည်း အလားတူ ဈေးနှုန်းသာရှိသဖြင့် တင်ပို့ပါက တွက်ခြေမကိုက်နိုင်ကြောင်း သိရသည်။

လတ်တလောတွင် ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့်ငရုတ်ကို တရုတ်နိုင်ငံသို့ အနည်း ငယ် တင်ပို့လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ချောင်းကြီးကျေးရွာ အနီးတစ်ဝိုက်၌ တစ်ဆက်တည်း ဧကများရှိနေရာ ဝါးခယ်မ၊ ပန်းတနော်၊ ဟင်္သာတနှင့် အိမ်မဲမြို့နယ်တို့၌ လည်း စိုက်ပျိုးထားပြီး ငရုတ်စိုက်ဧက သောင်းကျော်အထိရှိကြောင်း သိရသည်။

နေနေ

Read 52 times Last modified on Sunday, 22 March 2020 11:20