SJ WorldNews - шаблон joomla Авто

စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

Sunday, 22 March 2020 11:22 font size decrease font size decrease font size increase font size increase font size

ဖယ်ခုံ၊ ရေရရှိရေး

ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်၌ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေ ကျပ် ၈၉ဝ ဒသမ ၉၈၂ သန်းဖြင့် ရီနွဲ့ကျေးရွာအုပ်စုရှိ ကျေးရွာ ၂ဝ တွင် သောက်သုံးရေ ဖူလုံစွာရရှိရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဦးစီးမှူးနှင့် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးတို့က မတ် ၂ဝ ရက်က ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

''ကျွန်တော်တို့ဒေသမှာ သောက်သုံးရေ ရရှိဖို့က အတော်ခက်ခဲပါတယ်။ အိမ်ခေါင်မိုးကကျတဲ့ မိုးရေကို လှောင်ကန်ကြီးနဲ့ထားပြီး နှစ်ပတ်လည် အသုံးပြုနေရတာပါ။ စိမ့်စမ်းရေသွယ်ယူဖို့က လည်း အလှမ်းဝေးတော့ ကုန်ကျစရိတ်က ကျွန်တော်တို့ ကိုယ်ထူကိုယ်ထ မလုပ်နိုင်ခဲ့ဘူး။   ခုလို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကုန်အကျခံဆောင်ရွက်ပေးတဲ့ အတွက် အိပ်မက်တွေ တကယ်ဖြစ်လာပြီလို့ ပြောရမယ်။ ဒီအတွက် အားလုံးကို ကျေးဇူးတင်ပါ တယ်''ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

အဆိုပါ လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ဦးစီးမှူး၊ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် မြို့နယ် ရုံးတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ခံများ၊ ကျေးရွာရေပေး ရေးလုပ်ငန်း ကော်မတီများနှင့်အတူ လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးရာ သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ခံများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်း လင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေးနှင့် လိုအပ်သည် များကို ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားသည်။

''ဒီရီနွဲ့ကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာတွေထဲက အခက်ခဲဆုံးဖြစ်တဲ့ ကျေးရွာ ၂ဝ မှာသောက် သုံးရေဖူလုံစွာ ရရှိရေးအတွက် စိမ့်စမ်းရေသွယ်ယူရေး လုပ်ငန်းတွေကို စုစုပေါင်း ရန်ပုံငွေကျပ် ၈၉ဝ ဒသမ ၉၈၂ သန်းနဲ့ တင်ဒါရရှိတဲ့ကုမ္ပဏီ ၁၁ ခုက တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်တယ်။ အခုစစ်ဆေးတဲ့ အချိန်မှာ လုပ်ငန်းအားလုံးရဲ့ ၅ဝ ရာခိုင်နှုန်းပြီးနေပါပြီ။ ဒီလုပ်ငန်း တွေအားလုံးပြီးသွားရင် ကျေးရွာ ၂ဝ မှာရှိတဲ့ လူဦးရေ ၈ဝဝဝ ကျော်အတွက် အကျိုးပြုမှာ ဖြစ်တယ်''ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးက ပြောကြားကြောင်း သိရသည်။

ကိုထွေး(ဖယ်ခုံ)

Read 45 times Last modified on Sunday, 22 March 2020 11:24