SJ WorldNews - шаблон joomla Авто

မန္တလေးမြို့တွင်း နေရာပေါင်း ၄ဝ ကျော်၌ လေထုအရည်အသွေး သိရှိနိုင်ရန် တိုင်းတာမှုများ ပြုလုပ်

Sunday, 22 March 2020 11:55 font size decrease font size decrease font size increase font size increase font size

မန္တလေး၊ သဘာဝပတ်ဝန်းကျင်

မန္တလေးမြို့၏ လေထုအရည်အသွေးကို သိရှိနိုင်ရန် မြို့တွင်းနေရာပေါင်း ၄ဝ ကျော်၌ လေထု အရည်အသွေး တိုင်းတာစက်ဖြင့် လိုက်လံတိုင်းတာနေကြောင်း မန္တလေးတိုင်းဒေသကြီး   ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန  လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်း၏ ပြောပြချက်အရ သိရသည်။

''စီမံကိန်းပြီးသွားရင် မန္တလေးတစ်မြို့လုံးရဲ့ လေထုအရည်အသွေးကို သိရမယ်။  လေထုတိုင်း တဲ့ နေရာပေါင်း ၄ဝ ကျော်ကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက အဓိက ဆောင်ရွက်နေတာပါ။ နောက်သုံးလအတွင်း တိုင်းတာမှုတွေ ပြီးစီးအောင်လုပ်မှာပါ။ ဌာနအနေ နဲ့ တိုင်းဒေသကြီးအလိုက်၊ ခရိုင်အလိုက် လေထုအရည်အသွေး တိုင်းတာမှုတွေကို ပုံမှန် လုပ်ဆောင်နေပါတယ်'' ဟု ဒေါ်သင်းသင်း ကပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဂျပန်နှင့် နယူးဇီလန် နိုင်ငံတို့မှ  စက်များဖြင့် ပတ်ဝန်းကျင် လေထုတိုင်းတာခြင်း၊ အဆောက်အအုံများမှ ထွက်ရှိသည့်  အမှုန် များတိုင်းတာခြင်း၊ အရောင်မပါသည့် အနံ့အသက်ဆိုးများ တိုင်းတာခြင်းနှင့် စက်မှုဇုန်များရှိ  မီးခိုးခေါင်းတိုင်များမှ ထွက်ရှိသည့် ဓာတ်ငွေ့ တိုင်းတာခြင်းစသည့် လုပ်ငန်းများ ပြုလုပ် လျက်ရှိပြီး တိုင်းတာသည့် စက်များသည် လေထုအတွင်းရှိ ဓာတ်ငွေ့အားလုံးကို တိုင်းတာ နိုင်ခြင်းမရှိသော်လည်း ကာဗွန်မိုနောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ အိုဇုန်း၊ နိုက်ထရို ဂျင်ဒိုင်အောက်ဆိုက် စသည်တို့ကို တိုင်းတာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လင်းကြည်လင်း

Read 39 times Last modified on Sunday, 22 March 2020 12:05