SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်

Sunday, 22 March 2020 14:13 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၁

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ် သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက် ပေါက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြု အဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊    ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် (၂ဝ-၃-၂ဝ၂ဝ) ရက် ည ၆ နာရီမှ(၂၁-၃-၂ဝ၂ဝ)ရက် ည ၆ နာရီ အထိ စောင့်ကြည့် လူနာအသစ် ၁၂ ဦးရှိသည်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ယနေ့ည ၆ နာရီတွင် ပေးပို့လာသော ဓာတ်ခွဲစစ်ဆေးချက် အဖြေများအရ သက်ဆိုင်ရာ ဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှုကုသမှု ပေးလျက်ရှိသော လူနာများအနက် လူနာ ၁၁ ဦး၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် နေထိုင်သော အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် မကွေးမြို့သို့ရောက်ရှိ နေစဉ် (၁၉-၂-၂ဝ၂ဝ)ရက်မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်းစသည့် ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် မကွေးမြို့ ပြည်သူ့ ဆေးရုံကြီးတွင် (၁၉-၃-၂ဝ၂ဝ)ရက် ည ၇ နာရီ ၅၅ မိနစ်ခန့်၌ တက်ရောက်ကုသခဲ့ရာ လူနာတွင် လွန်ခဲ့သော ၁၄ ရက်အတွင်း ရောဂါကူးစက်မှု ဖြစ်ပွားလျက်ရှိသော နိုင်ငံများသို့ ခရီးသွား ရာဇဝင်မရှိခဲ့သော်လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ ရှိရသဖြင့် စောင့်ကြည့် လူနာအဖြစ်သတ်မှတ်ကာ ဓာတ်ခွဲနမူနာရယူ၍ (၂ဝ-၃-၂ဝ၂ဝ) ရက် တွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့သည်။ အဆိုပါ လူနာမှာ နာတာရှည် အသည်းခြောက်ခြင်း လက္ခဏာများ စစ်ဆေးတွေ့ရှိရပြီး လူနာအား လိုအပ်သော ဆေးဝါးကုသမှုများ ပေးနေစဉ် (၂ဝ-၃-၂ဝ၂ဝ) ရက် ည ၈ နာရီ မိနစ် ၂ဝ ခန့်တွင် သေဆုံးသွားကြောင်း သိရှိရသည်။ သေဆုံးရသော အကြောင်းအရင်းမှာ ပြင်းထန်အဆုတ် ရောင်ရောဂါနှင့် အသည်းခြောက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ဖြစ်သည်။ ယနေ့ ည ၆ နာရီတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ ပေးပို့လာသည့် ဓာတ်ခွဲ အဖြေအရ အဆိုပါသေဆုံးသူတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ် ရောဂါပိုး မရှိကြောင်း(မရှိကြောင်း) သိရှိရသည်။

ဆေးရုံများ၌ထားရှိ၍ အသွားအလာကန့်သတ်မှု (Hospital Quarantine) ပြုလုပ်ထားသော တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေး ဆေးရုံကြီး၊ လူနာဆောင်သစ်မှ မြန်မာနိုင်ငံသား နှစ်ဦး၏ (၂၁-၃-၂ဝ၂ဝ) ရက်တွင် ပေးပို့သော ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်ရောဂါ ပိုးမရှိကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရသည်။

ယနေ့ (၂၁-၃-၂ဝ၂ဝ)ရက် ည ၆ နာရီအထိ စောင့်ကြည့်လူနာ ၁၁ ဦးအား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေး လျက်ရှိသည်။

(၂၁-၃-၂ဝ၂ဝ) ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာမတွေ့ ရှိသေးသော်လည်း ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက်ရှိသည်။

ယခုအခါ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင်ကမ္ဘာ့နိုင်ငံ ၁၇၇ နိုင်ငံတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာ ပေးအချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်သည်။

ကမ္ဘာ့နိုင်ငံများ၏ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (၂၁-၃-၂ဝ၂ဝ) ရက် မြန်မာစံတော်ချိန် နံနက် ၁ဝ နာရီ ၂၈ မိနစ် အချိန်ရရှိသော သတင်းအချက်အလက်များအရ ထုတ်ပြန်ချက်တွင် ကမ္ဘာပေါ်တွင် ရောဂါဖြစ် ပွားနေသည့် နိုင်ငံနှင့်နယ်မြေဒေသ စုစုပေါင်း ၁၇၇ နိုင်ငံ၌ ကမ္ဘာ့နိုင်ငံများတွင် ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၂၃၄ဝ၇၃ ဦး၊ ကမ္ဘာ့နိုင်ငံများတွင် သေဆုံးသူစုစုပေါင်း ၉၈၄ဝ ဦး ရှိပြီး ကမ္ဘာပေါ်တွင် သေဆုံးမှုရာခိုင်နှုန်း ၄ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ဖြစ်ပွား/သေဆုံးမှုများသော နိုင်ငံများမှာ-

မှတ်ချက်။ ဓာတ်ခွဲအတည်ပြုလူနာ ၅ဝဝ ဦးနှင့် အထက်ရှိသော နိုင်ငံများအား ရွေးချယ် ထုတ်နုတ်၍ ဖော်ပြခြင်းဖြစ်သည်။

          တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြင်ပနိုင်ငံတွင်းကူးစက်မှု (Local Transmission) ဖြစ်ပွား နေသောနိုင်ငံနှင့် နယ်မြေဒေသစုစုပေါင်း ၉၆ နိုင်ငံ/ ဒေသရှိသည်-

          (၁)     ဥရောပဒေသ                      -        ၄ဝ နိုင်ငံ

          (၂)     အမေရိကဒေသ                  -        ၁၆ နိုင်ငံ

          (၃)     အနောက်ပစိဖိတ်ဒေသ         -        ၁၁ နိုင်ငံ

          (၄)     အရှေ့အလယ်ပိုင်းဒေသ       -        ၁၁ နိုင်ငံ

          (၅)     အာဖရိကဒေသ                  -          နိုင်ငံ

          (၆)     အရှေ့တောင်အာရှဒေသ      -          နိုင်ငံ

          (၇)     နယ်မြေဒေသ                     -          နိုင်ငံ

          လက်ရှိအချိန်၌ ကမ္ဘာပေါ်တွင် COVID-19 ရောဂါအတည်ပြု လူနာမတွေ့ရှိရသေး သော ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ စုစုပေါင်း ၁၈ နိုင်ငံရှိပြီး ထိုနိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။

(၃၁-၁-၂ဝ၂ဝ) ရက်မှ (၂၁-၃-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီအထိ မြန်မာနိုင်ငံ၏ COVID-19 ရောဂါနှင့် ပတ်သက်သည့် အခြေအနေများမှာ-

စောင့်ကြည့်လူနာ (PUI-Person Under Investigation) ၁၉၉ ဦးနှင့် သံသယလူနာ နှစ်ဦးအပါအဝင် စုစုပေါင်း ၂ဝ၁ ဦးရှိပြီး တို့အနက် COVID-19 ရောဂါပိုးမတွေ့ရှိရသူ ၁၈၇ ဦး၊ ဓာတ်ခွဲနမူနာရယူရန် ပေးပို့ဆဲ ၁၄ ဦး၊ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၁၄ ဦး၊ COVID-19 ရောဂါ ပိုးမတွေ့ရှိရသော်လည်း အခြားရောဂါများဖြင့် သေဆုံးသူ ၁၂ ဦး၊ တို့အနက် နာတာရှည် ဆီးချိုရောဂါနှင့် နှလုံးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြင့် သေဆုံးသူသုံးဦး၊ တီဘီရောဂါနှင့် နာတာရှည် ကျောက်ကပ်ရောဂါဖြင့် သေဆုံးသူတစ်ဦး၊ နာတာရှည် ကျောက်ကပ်ရောဂါဖြင့် သေဆုံးသူနှစ်ဦး၊  နာတာရှည် အဆုတ် ပွရောဂါဖြင့် သေဆုံးသူ တစ်ဦး၊ နာတာရှည် အသည်းရောဂါ အခံရှိသူတစ်ဦး၊ ဗက်တီးရီးယား ပိုးကြောင့် သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြင့်သေဆုံးသူ သုံးဦးနှင့် လတ်တလော အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်း၏ နောက်ဆက် တွဲဆိုးကျိုးများကြောင့် သေဆုံးသူတစ်ဦးတို့ဖြစ်ကြသည်။

တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် (၃၁-၁-၂ဝ၂ဝ) ရက်မှ (၂၁-၃-၂ဝ၂ဝ) ရက်အထိ စောင့်ကြည့်လူနာ/ သံသယလူနာတွေ့ရှိရမှု အခြေအနေများမှာ ရန်ကုန်တိုင်းဒေသ ကြီးတွင် ၈၅ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၃၃ ဦး၊ ရှမ်းပြည်နယ်တွင် ၂၉ ဦး၊ အခြား တိုင်းဒေသကြီး/ ပြည်နယ်များတွင် ၅၄ ဦး စုစုပေါင်း ၂ဝ၁ ဦးတို့ဖြစ်သည်။

တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် (၃၁-၁-၂ဝ၂ဝ) ရက်မှ(၂၁-၃-၂ဝ၂ဝ) ရက်အထိ အသွားအလာ ကန့်သတ်ခြင်း၊ တားမြစ်ပိတ်ပင်ခြင်း (Hospital Quarantine) ပြုလုပ်ထားသူ စုစုပေါင်း ၁၈၇ ဦးမှာ မန္တလေးမြို့ ကန်တော်နဒီ ဆေးရုံတွင် ၆၇ ဦး၊ တောင် ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် ၅၆ ဦး၊ ဝေဘာဂီအထူးကု ဆေးရုံတွင် ၄၁ ဦး၊ ပြည်သူ့ဆေးရုံကြီး ကျိုင်းတုံမြို့တွင် လေးဦး၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့တွင်သုံးဦး၊ ပြည်သူ့ဆေးရုံ မောက်မယ်မြို့တွင်သုံးဦး၊ ပြည်သူ့ဆေးရုံကြီး လွိုင်ကော်မြို့တွင်နှစ်ဦး၊ ပြည်သူ့ ဆေးရုံ ကျောက်ပန်းတောင်းမြို့တွင် နှစ်ဦး၊ နှဲသမိန်တိုက်နယ်ဆေးရုံ ထန်းတပင်မြို့တွင်နှစ်ဦး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တစ်ဦး၊ စဝ်စံထွန်း ဆေးရုံကြီး တောင်ကြီးမြို့တွင် တစ်ဦး၊ ခရိုင်ပြည်သူ့ဆေးရုံ မြင်းခြံမြို့တွင် တစ်ဦး၊ ခရိုင်ပြည်သူ့ဆေးရုံ တာချီလိတ်မြို့တွင် တစ်ဦး၊ ပြည်သူ့ဆေးရုံ လှည်းကူးမြို့တွင်တစ်ဦး၊ ရွှေပန်းတောတိုက်နယ်ဆေးရုံ အောင်လံမြို့တွင် တစ်ဦးနှင့် ကြိမ်ချောင်းတိုက်နယ် ဆေးရုံ ဘိုကလေးမြို့တွင် တစ်ဦးတို့ဖြစ်ကြသည်။

ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုအား စောစီးစွာ သိရှိနိုင်ရန် ဓာတ်ခွဲနမူနာအရေအတွက် တိုးမြှင့်စစ်ဆေးခြင်းကို လုပ်ဆောင်လျက်ရှိရာ ဆေးရုံ များတွင် အသွားအလာ ကန့်သတ်ခြင်း၊ တားမြစ်ပိတ်ပင်ခြင်း ပြုလုပ်ထားသူများ အနက် ၈၁ ဦးအား ဓာတ်ခွဲနမူနာများရ ယူစစ်ဆေးခဲ့ရာ တို့တွင် COVID-19 ရောဂါပိုးမတွေ့ရှိရ ကြောင်း သိရှိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူ လူထုအား ကျန်းမာရေး အသိပညာပေးခြင်း၊ ပြည်သူလူထုအတွင်း မှန်ကန်သည့် သတင်း အချက်အလက်များအား အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ခြင်းတို့အား ဆောင်ရွက်လျက်ရှိ သဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လူတိုင်းလိုက်နာ ဆောင်ရွက်ရမည့် အချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက် ခြင်းဖြင့် COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုနှင့် ထိခိုက်ပျက်စီးမှုများမှ ကာကွယ်နိုင်မည်ဖြစ် ကြောင်း တိုက်တွန်းနှိုးဆော်အပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။                                       

(၅ဝဝ)

Read 43 times Last modified on Sunday, 22 March 2020 14:19