SJ WorldNews - шаблон joomla Авто

YBS ယာဉ်စီးခရီးသွားပြည်သူများ လက်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်း အလေ့အထများ ရှိစေရေး အသိပညာပေး

Sunday, 22 March 2020 14:19 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေ သော YBS ယာဉ်လိုင်းတချို့တွင် လက်ဆေးနိုင်မည့် Hand Gel ဘူး များတပ်ဆင်ခြင်းနှင့် Mark တပ်ဆင်ခြင်း အလေ့အထရှိစေရေး အသိပညာပေး လှုပ်ရှားမှုကို မတ် ၂ဝ ရက်က ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် စံပြဈေး မှတ်တိုင်၌ ဆောင်ရွက်ခဲ့သည်။

'' YBS ယာဉ်လိုင်းတွေမှာ စီးနင်းလိုက်ပါတဲ့ ခရီးသည်တွေအနေနဲ့ လက်ဆေးတဲ့ အလေ့ အကျင့်ကောင်းတွေရရှိဖို့၊ Mask တပ်ဖို့နဲ့ COVID-19 ရောဂါမဖြစ်ပေါ်စေဖို့ ဆောင်ရန် ရှောင်ရန် အချက်တွေပါတဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးနေပါတယ်။ ဒါ့ပြင် ကားပေါ်မှာ လက်ဆေးနိုင်မယ့် Hand Gel ဘူးတွေကိုလည်း တပ်ဆင်ပေးနေပါတယ်'' ဟု i-Clean Hand Sanitizer မှ ဒေါ်မီမီစိုး ကပြောသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ လူထုမိတ်ဆွေယာဉ်လိုင်း၊ လက် သန့်ဆေး Hand Gel ဘူးများ လှူဒါန်းပေးသော i-Clean HandSanitizer၊ လူမှုဖူလုံရေး အဖွဲ့များနှင့် တာဝန်ရှိသူများ စုပေါင်းကာ YBS ယာဉ် ပေါ်အတက် ယာဉ်မောင်းနောက် ကျောနံရံများတွင် Hand Gel ဘူးများတပ်ဆင်ပေးခြင်း၊ COVID-19 ရောဂါကြိုတင် ကာကွယ် ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ယာဉ်ပေါ်မှအဆင်း မှတ်တိုင်တွင် အသင့်ပြုလုပ် ထားသော လက်ဆေးဘေစင်များ၌ လက်ဆေးခြင်း အလေ့အထ လှုပ်ရှားမှုများ  ဆောင်ရွက် ပေးကြောင်း သိရသည်။

'' YBS ယာဉ်လိုင်းတွေမှာ နေ့စဉ်ခရီးသွား ပြည်သူတွေ အများဆုံးထိတွေ့ ကိုင်တွယ်တဲ့ လက်ကိုင်ကွင်းတွေ၊ တန်းတွေ၊ အတက်အဆင်းမှာထိနိုင်တဲ့ လက်ကိုင်တန်းတွေ၊ ခုံနံရံတွေ အားလုံးကိုပိုးသတ် ဆေးပါတဲ့အရည်နဲ့ သန့်ရှင်းရေးလုပ်ပါတယ်''ဟု YBS လူထုမိတ်ဆွေ ယာဉ်လိုင်းမှ CEO ဦးကိုကိုနိုင်က ပြောသည်။

အလားတူ သင်္ဃန်းကျွန်းစံပြဈေးအတွင်းရှိ သားငါးတန်းများတွင်လည်း အသိပညာ ပေးလက် ကမ်းစာစောင်ဖြန့်ဝေခြင်း၊ လက်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းအလေ့ အထရှိစေရန် ဈေး အတွင်း ပိုစတာများ တပ်ဆင်ခြင်းစသော COVID - 19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)

Read 83 times Last modified on Sunday, 22 March 2020 15:37