Print this page

ဟန်လင်း ပျူယဉ်ကျေးမှုနယ်မြေရောက်သူတိုင်း ရေပူရေအေးတွင်းများကို အားထားလေ့လာ

Sunday, 22 March 2020 15:37 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်း၊ လေ့လာရေး

လက်ရှိကာလ နွေရာသီတွင် ပျူယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းခရီးသွား ဧည့်သည်များ နေ့စဉ်လာရောက် လေ့လာလျက်ရှိရာ ထူးခြားပြီး နီးကပ်စွာတည်ရှိနေသည့် ရေပူရေအေးတွင်း များကို အားထားလေ့လာကြကြောင်း သိရသည်။

ဟန်လင်းသို့ ဝင်လိုက်သည်နှင့် ထူးခြားသော ရေပူရေအေးစမ်းတွင်းများကို တွေ့မြင်ရသည်။ ဟန်လင်းမြို့ဟောင်းသို့ လာရောက်လည်ပတ်သော ပြည်တွင်းခရီးသွား ဧည့်သည်များမှာ ရေပူ ရေအေးစမ်းတွင်းကလေးများကို အထူးစိတ်ဝင်စားကြသည်။ တစ်နေရာတည်းတွင်ပင် ရေပူရေ အေးတို့နီးကပ်စွာ ထွက်သည့် တွင်းများရှိနေပုံမှာ အထူးအံ့သြဖွယ်ဖြစ်နေပြီး ရေများမှာ ခပ်ချိုး နိုင်သည်အထိ ပြည့်နေပေသည်။ ရေပူများကို ဒေသခံများက ထမင်းချက်သည့်နေရာတွင် အသုံးပြုကြပြီး ရေအေးကိုမူ ရေချိုးခြင်း၊  အဝတ်လျှော်ခြင်းအတွက် အသုံးပြုကြသည်။

ယောက်ျားလေးများ ချိုးသောတွင်း မိန်းကလေးများချိုးသော တွင်းအဖြစ် ခွဲခြားထားပြီး ရှေး ယခင်ကတည်းကရှိသော တွင်းများပင်ဖြစ်သည်။ထိုတွင်းများကို ဟန်လင်း ၁၇ ရပ် ကျေးရွာ များမှအားထားကာ ရေချိုးကြသည်။

ဟန်လင်းဒေသသို့ လာရောက်လေ့လာသော ပြည်တွင်းဘုရားဖူးများမှာ ရေပူရေအေးများ ကိုချိုးကြပြီး ရေပူရေအေး၊ အနည်းငယ် နွေးနေသောရေများကို ခပ်ချိုးခြင်းဖြင့် အညောင်း အညာပြေကြောင်း သိရသည်။ လက်ရှိကာလတွင် ဟန်လင်းပျူ ယဉ်ကျေးမှုနယ်မြေသို့ လာရောက်လေ့လာသော ပြည်တွင်း ခရီးသွား ဧည့်သည်များမှာ ထူးခြားသော ရေပူရေအေး စမ်းတွင်းကလေး များကို အထူးစိတ်ဝင်တစား လေ့လာပြီး ရေချိုးလေ့ရှိကြောင်း သိရသည်။

တိမ်တမန်

Read 53 times Last modified on Sunday, 22 March 2020 15:46