SJ WorldNews - шаблон joomla Авто

ကလေးဝမြို့ မြို့မဈေး၌ ကိုရိုနာဗိုင်းရပ်ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးလုပ်ငန်း များဆောင်ရွက်

Sunday, 22 March 2020 15:46 font size decrease font size decrease font size increase font size increase font size

ကလေးဝ၊ ကျန်းမာရေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ မြို့မဈေး၌ ကိုရိုနာဗိုင်းရပ်ကြိုတင်ကာကွယ်တားဆီး နိုင်ရေး အသိပညာပေး လုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်း ဦးဆောင်မှုဖြင့် မတ် ၂ဝ ရက် နံနက်ပိုင်းက ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင် သာယာရေးကော်မတီ အမှုဆောင်အရာရှိနှင့် ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့က    ကိုရိုနာဗိုင်းရပ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ရောဂါကူးစက်နိုင် မည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများကို ဟောပြောသည်။

ယင်းနောက် အဆိုပါအဖွဲ့သည် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိ ပညာပေး ဗွီနိုင်းများကပ်ခြင်း၊ မြို့မဈေး၏ တောင်ဘက်၊ မြောက်ဘက်၊ အနောက်ဘက် တံခါးများတွင် ထားရှိသော လက်ဆေးကန်များတွင် စနစ်တကျ လက်ဆေးခြင်းတို့ကို လက် တွေ့သရုပ်ပြဆောင်ရွက်ကြောင်း သိရသည်။   

ထယ်လ်ဏ

Read 110 times Last modified on Sunday, 22 March 2020 15:51