SJ WorldNews - шаблон joomla Авто

အန္တရာယ်ကင်းပရိတ်တရားတော်များအား မော်တော်ယာဉ်များဖြင့်လှည့်လည်ရွတ်ပွား

Monday, 23 March 2020 10:19 font size decrease font size decrease font size increase font size increase font size

တောင်ကြီး၊ အန္တရာယ်ကင်းရေး

ရှမ်းပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ရှမ်းပြည်နယ်အတွင်း ဘေးအန္တရာယ်များ ကျရောက်မှု ကင်းဝေးစေရန်ရည်ရွယ်ကာ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား နှင့်မြို့တွင်းတစ်လျှောက် ဗိုလ်ချုပ်လမ်း၊ အရှေ့မြို့ပတ်လမ်းနှင့် အနောက်မြို့ပတ်လမ်းတို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များအား မော်တော်ယာဉ်များဖြင့် လှည့်လည်၍ ရွတ်ပွားမှု များကို မတ် ၂၁ ရက် မွန်းလွဲပိုင်းက ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ တက်ရောက်လာသူများက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်း အနားကိုဖွင့်လှစ်ပြီး ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပွားများခြင်း၊ မေတ္တာပို့ဆုတောင်းပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ် သံဃနာယက အဖွဲ့ဝင်ဥက္ကဋ္ဌ တောင်ကြီးမြို့ ချမ်းသာရပ်ကွက်ရှိ သိမ်တောင်ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တနှင့် တောင်ကြီးမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်များ စုစုပေါင်း ၄၅ ပါးတို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက်ဗိုလ်ချုပ်လမ်းရှိ တောင်ကြီး မြို့လယ်ဓမ္မာရုံမှ မော်တော်ယာဉ် ၁ဝ စီးခန့်ဖြင့် တောင်ကြီးမြို့အတွင်း ဗိုလ်ချုပ်အောင်ဆန်း လမ်းအတိုင်း ထွက်ခွာ၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ကြသည်။

ထိုမှတစ်ဆင့် တောင်ကြီးမြို့ သစ်တောရပ်ကွက် အရှေ့မြို့ပတ်လမ်းရှိ နီလာရိုးမ စက်သုံးဆီ အရောင်းဆိုင်မှတစ်ဆင့် အရှေ့မြို့ပတ် လမ်းအတိုင်း ဆက်လက်ထွက်ခွာ၍ တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ မြင်းရုပ်မီးပွိုင့်မှ တစ်ဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ထိုမှတစ်ဆင့် တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက် အနောက်မြို့ပတ်လမ်း နှင့်ဗိုလ်ချုပ်လမ်းထောင့်ရှိ တောင်ကြီးမြို့အဝင် မြေပုံမှအနောက် မြို့ပတ်လမ်းအတိုင်းထွက် ခွာ၍ တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက် အနောက်မြို့ပတ်လမ်းရှိ တောင်ကြီး တက္ကသိုလ် ရှေ့နှင့် တက္ကသိုလ်မီးပွိုင့်မှ ဗိုလ်ချုပ်လမ်းအတိုင်း အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပွားများပြီး တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ တောင်ကြီးမြို့လယ် ဓမ္မာရုံသို့ ရောက်ရှိကာ မြို့တွင်းတစ်လျှောက် အန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ် ပွားများသည်။

အဆိုပါ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပွားများရခြင်းမှာ ရှမ်းပြည်နယ် အတွင်းနှင့် တောင်ကြီးမြို့တွင်းရှိ ဒေသခံပြည်သူများ ဘေးအန္တရာယ် ကျရောက်မှုများမှ ကင်းဝေးစေရန် ရည်ရွယ်၍ မြို့တွင်းတစ်လျှောက် ဗိုလ်ချုပ်လမ်း၊ အရှေ့မြို့ပတ်လမ်းနှင့် အနောက်မြို့ပတ်လမ်းတို့တွင် အန္တရာယ်ကင်း ပရိတ်တရားတော်များအား မော်တော်ယာဉ်များ ဖြင့် လှည့်လည်၍ ရွတ်ဖတ်ပွားများခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

(၄ဝ၅)

Read 66 times Last modified on Monday, 23 March 2020 10:22