SJ WorldNews - шаблон joomla Авто

မန္တလေးမြို့ရှိ စက်ရုံများ၌ COVID-19 ရောဂါ စစ်ဆေးပြီးမှ လုပ်ငန်းခွင် ဝင်ရောက်ရန် ခွင့်ပြုထား

Tuesday, 24 March 2020 08:46 font size decrease font size decrease font size increase font size increase font size

မန္တလေး  မတ်  ၂၃

မန္တလေးမြို့၌ လူဦးရေ ၅ဝ နှင့်အထက်ရှိသော  စက်ရုံများ၌  COVID - 19 ရောဂါ စစ်ဆေးပြီးမှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် ခွင့်ပြုထားကြောင်း စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦး ထံမှသိရသည်။

စက်မှုဇုန်အတွင်း လုပ်သားများကို COVID -19 ရောဂါ ကြိုတင်ကာကွယ်မှုဆိုင်ရာ အသိပညာပေးခြင်း၊ ဗီနိုင်းများ ကပ်ခြင်းတို့ ဆောင်ရွက်ပေးထားကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် လူမှုဖူလုံရေးအဖွဲ့များနှင့် လုပ်ငန်းများမှ မန်နေဂျာများ ပူးပေါင်း၍  အဝင်ဂိတ်များတွင် ကိုယ်အပူချိန် တိုင်းတာခြင်း အပါအဝင်  လက်သန့်ဆေးရည်များ  ချထားပေးခြင်းတို့ကို   မတ်လ ဒုတိယပတ်မှ  စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စက်မှုဇုန်အတွင်း COVID -19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ ပါဝင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဗီနိုင်းများ ကပ်ခြင်းတို့ ဆောင်ရွက်လျက် ရှိကြောင်း သိရ

သည်။               

Read 46 times Last modified on Tuesday, 24 March 2020 08:47