SJ WorldNews - шаблон joomla Авто

ပြည်ပသို့သွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ခရီးသွား လာမှုဆိုင်ရာ အကြံပြုထား

Tuesday, 24 March 2020 10:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၃

COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ပြည်ပမှကူးစက်မှုများ ကာကွယ် တားဆီးရေးအတွက်လည်းကောင်း၊ ခရီးသွားစဉ် မမျှော်လင့်သော ကန့်သတ်ချက်များနှင့် ကြုံ တွေ့နိုင်ခြင်းကြောင့်လည်းကောင်း မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပနိုင်ငံများ၊ အထူး သဖြင့် ရောဂါကူးစက်မှု မြင့်မားနေသည့်နိုင်ငံများသို့ မလွှဲမရှောင်သာ ကိစ္စများမှလွဲ၍ ခရီးသွားလာမှု ရှောင်ရှားကြပါရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြံပြုထားသည်။

ထို့ပြင် မြန်မာနိုင်ငံသားများအနေဖြင့် မလွှဲမရှောင်သာ၍ ပြည်ပခရီးသွားရောက်ရန် ရှိပါက ခရီးမထွက်ခွာမီ သွားရောက်မည့်နိုင်ငံနှင့် ဖြတ်သန်းမည့်နိုင်ငံများမှ ခရီးသွားလာမှု ဆိုင်ရာကန့်သတ်မှု နောက်ဆုံးအချက်အလက်များကို သက်ဆိုင်ရာ နိုင်ငံခြားသံရုံးများ သို့ဖြစ် စေ၊ မြန်မာသံရုံးများသို့ဖြစ်စေ ဆက်သွယ်စုံစမ်းကြရန်လည်း နှိုးဆော်ထားပြီး မြန်မာနိုင်ငံသား များနှင့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သူများအပေါ် အာဆီယံနိုင်ငံများနှင့် အခြား ပြည်ပနိုင်ငံအချို့က ခရီးသွားလာမှုနှင့်ပတ်သက်၍ ကန့်သတ်မှုများကို ဖော်ပြပါအတိုင်းချမှတ် ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးအကြံပြုထားသည်-

မှတ်ချက်

(က)   ၂၃-၃-၂ဝ၂ဝ ရက် နံနက် ၁ဝ နာရီထိရရှိသော သတင်းအချက် အလက်များကို အခြေခံ ၍ပြုစုထားသည်။ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များသည် အချိန်နှင့်တကွ အပြောင်း အလဲရှိနိုင်ကြောင်း ဖော်ပြအပ်ပါသည်။

(ခ) ဇယားတွင်မပါဝင်သေးသော နိုင်ငံများ၏ ကန့်သတ်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ သံရုံးသို့ဖြစ်စေ၊ မြန်မာသံရုံးများသို့ဖြစ်စေ စုံစမ်းမေးမြန်းကြရန် မေတ္တာရပ်ခံအပ်ပါသည်။

(သတင်းစဉ်)

Read 112 times Last modified on Tuesday, 24 March 2020 11:38