Print this page

ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ

Tuesday, 24 March 2020 13:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၃

ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ARSA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်း၊ ရဲစခန်းနှင့် တပ်မတော်တပ်ရင်းတို့အား တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် လုံခြုံရေးတပ်ဖွဲ့များနှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် Independent  Commission of  Enquiry-ICOE) ၏ အပြီးသတ် အစီရင်ခံစာအရ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်တွင် အဓိကအားဖြင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း နေရာ ၁၃ ခု၌ ရာဇဝတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပခဲ့ပြီး အရေးယူပြီး၊    အရေးယူဆဲ၊ စုံစမ်းစစ်ဆေး အရေးယူမည့် အမှုများကို စိစစ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူမည့် အမှုများအနက်မှ ဦးစားပေး ဆောင်ရွက်မည့် အမှုများကို ယခုအစည်းအဝေးတွင် တင်ပြရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းချမှတ်ခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပူးပေါင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ (Task  Force)ကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့၏ အမိန့်အမှတ်၊ ၁/၂ဝ၂ဝ ဖြင့် ထပ်မံဖွဲ့စည်းခဲ့ကြောင်း၊ ယနေ့ကျင်းပသော အစည်းအဝေးတွင် ပထမသတင်းပေး တိုင်ချက်ဖွင့်လှစ်ရန် လျာထားသည့် အမှုစာရင်းများ  ဆွေးနွေးညှိနှိုင်း အတည်ပြုပြီး အမှုဖွင့်လှစ်နိုင်ရန် စုံစမ်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမှုဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများ မြန်ဆန်ထိရောက်စေရန် အတွက်   မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ICOE   အစီရင်ခံစာပါ  အကြံပြုချက်များအတိုင်း ပြစ်မှုများကျူးလွန်သူများအား စုံစမ်းဖော်ထုတ် တရားစွဲဆိုနိုင်ရေးအတွက် အစည်းအဝေး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့  ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်  အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း   သိရသည်။                     

(သတင်းစဉ်)

Read 91 times Last modified on Tuesday, 24 March 2020 13:58