Print this page

ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ နှာခေါင်းစည်း ခြောက်သောင်း လှူဒါန်း

Wednesday, 25 March 2020 07:51 font size decrease font size decrease font size increase font size increase font size

COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ပြန့်ပွားမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်  တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ နှာခေါင်းစည်းခြောက်သောင်း ပေးအပ် လှူဒါန်းခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ မတ်၂၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နှာခေါင်းစည်း ပေးအပ်လှူဒါန်းခြင်းကို   ယူနန်ပြည်နယ်  ကူမင်းမြို့ ကောင်စစ်ဝန်ရုံး အတွင်းရှိ  နိုင်ငံခြားရုံးများ ဝန်ဆောင်မှုဌာန၌    ပြုလုပ်ခဲ့ပြီး  ယူနန်ပြည်နယ် ကိုယ်စား ပြည်နယ်ပြည်သူ့ အစိုးရ နိုင်ငံခြားရေးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Hao Kun က  လွှဲပြောင်းပေးအပ်ရာ ကူမင်းမြို့   မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်က လက်ခံရယူခဲ့သည်။

ထိုသို့ လှူဒါန်းပေးအပ်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးနှင့် ယူနန်ပြည်နယ်တို့ကြား ချစ်ကြည်ရေး ဆက်ဆံမှု တည်ထောင်ထားခြင်းကြောင့် နှာခေါင်းစည်း ၁၄ဝဝဝ ကို ရန်ကုန်တိုင်းဒေသကြီးသို့ လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်တို့ကြား မြန်မာ့စီးပွားရေး စင်္ကြံပူးတွဲတည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရ အဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားခြင်းကြောင့် နှာခေါင်းစည်း ၁၄ဝဝဝ ကို မန္တလေးတိုင်းဒေသကြီးသို့ လည်းကောင်း ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နှာခေါင်းစည်းခြောက်သောင်းကို မတ် ၂၄ ရက်တွင် ယူနန်ပြည်နယ် ကူမင်းမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းဖြင့် ပို့ဆောင်ပေးပြီး  ကျန်နှာခေါင်းစည်း  ၃၂ဝဝဝ ကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် လိုအပ်သည့် ဒေသများသို့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။  

Read 46 times Last modified on Wednesday, 25 March 2020 07:52