Print this page

ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် လက်မှတ်လျှောက်ထားသူ ၆ဝ ဦးကို စစ်ဆေးမှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 25 March 2020 07:56 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး အတွင်း ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAqP) လက်မှတ်လျှောက်ထားသည့် ငါးမွေးမြူသူ  ၆ဝ ဦးကို ယခုလအတွင်း စစ်ဆေးမှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

''ဇန်နဝါရီလကနေ  မတ်လအတွင်း GAqP   လက်မှတ်လျှောက်ထားတဲ့ ငါးမွေးမြူသူတွေနဲ့ ဆွေးနွေးပွဲတွေ၊ သင်တန်းတွေလည်း လုပ်ပြီးသွားပြီ။ အခုက လျှောက်လွှာတင်ထားတဲ့ ကန်တွေကို ကျင့်စဉ်နဲ့ညီ၊ မညီ လိုက်စစ်မယ်။ မကိုက်ညီရင်လည်း လိုအပ်တာတွေကို ညွှန်ကြားပေးမှာပါ'' ဟု ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရမ်း၊ကော့မှူး၊ ကွမ်းခြံကုန်း စသည့်မြို့နယ်များမှ ငါးမွေးမြူသူ ၆ဝ ဦးကို ငါးမွေးမြူရာတွင် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်ဖြင့် မွေးမြူနိုင်ရန် ငါးလုပ်ငန်း ဦးစီးဌာနမှ အဖွဲ့သုံးဖွဲ့ခွဲကာ  ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်း ဒေသကြီး စသည်ဖြင့် မြန်မာနိုင်ငံ အနှံ့အပြားသို့ ကွင်းဆင်း စစ်ဆေးပြီး GaqP လက်မှတ်ပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်ဖြင့် မွေးမြူခြင်းသည် စားသုံးသူများ အနေဖြင့် ဓာတ်ကြွင်းပါဝင်မှု မရှိသည့်ငါးများ၊ ကျန်းမာရေးအတွက်ကောင်းမွန်ပြီး အာဟာရဖြစ်စေမည့် ငါးများကို စားသုံးနိုင်မည်ဖြစ်ကာ ပြည်ပသို့ ငါးတင်ပို့ရန်လည်း ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။             

Read 42 times Last modified on Wednesday, 25 March 2020 07:59