SJ WorldNews - шаблон joomla Авто

ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိပြီးနောက် ရန်ကုန်မြို့၌ သွားလာသူနည်းပါးပြီး အခြေခံစားသောက်ကုန် အများအပြား ၀ယ်ယူမှုများဖြစ်ပေါ်

Wednesday, 25 March 2020 09:19 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   မတ်  ၂၄

ကိုရိုနာဗိုင်းရပ်တွေ့ရှိသူနှစ်ဦးအား သက်ဆိုင်ရာမှ တရားဝင်ကြေညာပြီးနောက် ယနေ့နံနက်ပိုင်းမှစတင်ကာ ရန်ကုန်မြို့ရှိ  လမ်းမကြီးများတွင်    မဖြစ်မနေရုံးသွားရုံးလာများ၊   ကုမဏီဝန်ထမ်း များမှအပ သွားလာသူနည်း ပါးခဲ့ပြီး မြို့နယ်အသီးသီးရှိ ဈေးများ၌ အခြေခံစားသောက်ကုန်အများအပြားဝယ်ယူမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်၏ နောက်ဆက်တွဲ ကောလာဟလများသည်လည်း ရန်ကုန်မြို့၏ မြို့နယ်အသီးသီး နေရာအနှံ့တွင် ထွက်ပေါ်လျက်ရှိသည်။ အထူးသဖြင့် ဈေးရောင်း စင်တာ ကြီးများနှင့် ဈေးကြီးများပိတ်မည်၊ ဆေးဖျန်းမည်၊ ဘယ်နှရက် ပိတ်မည် စသည့်သတင်းများ ဖြစ်ပြီး အများနှင့် သက်ဆိုင်သောသတင်းများ ဖြစ်ခြင်းကြောင့်  မြို့နယ် အသီးသီးရှိ ဈေးများ တွင် အခြေခံစားသောက်ကုန်အများအပြားဝယ်ယူမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

““ဈေးရောင်းကောင်းတာတော့ ဆိုင်တိုင်း လိုလိုပဲ ၀ယ်တဲ့သူတွေကလည်း ဈေးမေးတဲ့ သူကရှားတယ်။ အခြေခံ စားသောက်ကုန်  တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ငါးပိနှင့် ငါးခြောက်၊ အာလူး၊ ကြက်သွန်၊ ငါးသေတာ၊ ပဲမျိုးစုံ၊ ခေါက်ဆွဲ ခြောက်၊  ဘဲဥ၊  ကြက်ဥတွေကို အဓိကထားဝယ်ကြတယ်။  နောက်တစ်ခု ကတော့  ဆေးဆိုင်တွေပေါ့။  ဒါပေမဲ့ ၀ယ်တဲ့သူတွေက အရင်လိုဈေးသည်တွေ ပြန်ရောင်းတဲ့သူတွေ မဟုတ်ကြဘူး။ စားဖို့ ၀ယ်တဲ့သူတွေများတယ်။ ကုန်ပစည်းတွေက ဘယ်ဟာမှတော့ ဈေးတက်တယ်လို့ မကြားဘူး။ ဆန်တော့နည်းနည်း တက်တယ်လို့ သူတို့ပြော တယ်””ဟု ညောင်ပင်လေးဈေးမှ ဈေးသည်တစ်ဦးကပြောသည်။

လူအများနှင့်ပြုလုပ်ရသည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ မပြုလုပ်ကြရန်နှင့် လူစည်ကားသည့် နေရာများသို့ သွားလာမှု ရှောင်ကြဉ်ရန် သက်ဆိုင်ရာမှထုတ်ပြန် ကြေညာခဲ့သည့် နောက်ရက်တွင်လည်း ရန်ကုန်မြို့တွင်  လူရောယာဉ်များပါ  ယခုကဲ့သို့ သွားလာမှုသိသာစွာ နည်းပါးခဲ့ပြီး မြို့နယ်များရှိဈေးများတွင် အခြေခံ စားသောက်ကုန်

အများအပြား ၀ယ်ယူမှုများ ရှိခဲ့ကြောင်း သိရသည်။                          

ဝန်းရံခ

Read 8 times Last modified on Wednesday, 25 March 2020 09:20